K pop

■ BLACKPINK အဖွဲ့ဝင်တစ်ဦးချင်းစီက သူတို့အဖြစ်ချင်ဆုံး အဖွဲ့ဝင်ကို ရွေးချယ်

— – – အဖွဲ့ဝင် (၄)ဦးမှာ (၃)ဦးက တစ်ဦးတည်းကို ရွေးချယ်ခဲ့ပြီး သူတို့ရဲ့ အကြောင်းပြချက်တွေကတော့ ခြားနား …

BLACKPINK အဖွဲ့ဟာ Twitter Blueroom နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပရိသတ်တွေရဲ့ သိချင်လို့ မေးမြန်းထားတဲ့ မေးခွန်းအားလုံးကို တတ်နိုင်သလောက် ဖြေခဲ့ကြခဲ့ကြပါတယ်။

အဲဒီမှာ မေးခွန်းတစ်ခုက “တကယ်လို့ မင်းသာ အခြားအဖွဲ့ဝင်တစ်ဦးအဖြစ် နေရမယ်ဆိုရင် ဘယ်သူ့ကို ရွေးမလဲ”ဆိုပြီး ဖြစ်ပါတယ်။

Lisa က “ကျွန်မ Jisoo unnie ကို ရွေးမှာပါ။ ဒါဆို ကျွန်မအနေနဲ့ တစ်နေ့လုံး ဂိမ်းစ်ကစားနိုင်မှာပါ”လို့ ဆိုခဲ့ပါတယ်။

Jennie ကလည်း “နံနက်ပိုင်းမှာ ဖြစ်ဖြစ်၊ ညမှာဖြစ်ဖြစ် အစားအသောက်တွေ အများကြီး စားချင်တယ်။ Jisoo unnie က နံနက်မှာ ကင်ချီထမင်းကြော်ရော၊ dumplings ပါ စားခဲ့တာပါ။ ငါလည်း သူလိုစားချင်တယ်။ ဒါကြောင့် ငါလည်း Jisoo ဖြစ်ချင်တယ်”လို့ ဆိုခဲ့တာပါ။

Rosé က “ကျွန်မလည်း Jisoo unnie ပဲ ရွေးမယ်။ သူ နံနက်ဆို အစောကြီး နိုးလေ့ရှိတယ်။ ကျွန်မလည်း အစောကြီး နိုးချင်တယ်”လို့ ဆိုခဲ့ပါတယ်။

Jisoo ကတော့ “ငါကတော့ ဒီရက်ပိုင်းမှာ Rosé ဖြစ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ဂီတနဲ့သက်ဆိုင်တဲ့ တူရီယာတွေကို တီးခတ်ချင်လို့။ အနည်းဆုံးတစ်ခုလောက်တော့ တီးတတ်ချင်တာပေါ့”လို့ ဆိုခဲ့ပါတယ်။

— ဃဲ
Source: YouTube & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page