K pop

■ Lisa ဖြစ်ချင်တဲ့ အမျိုးသမီးပုံစံက ဘယ်သူ့လိုလဲ

– – – Lisa အားကျရတဲ့ အမျိုးသမီးပုံစံကတော့ တခြားသူ မဟုတ်ဘဲ…

Nylon Japan နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ BLACKPINK အဖွဲ့ဝင် Lisa ကတော့ သူမရဲ့ Ideal Type အမျိုးသားပုံစံနဲ့ အမျိုးသမီးပုံစံတွေကို ဖွင့်ဟခဲ့တာပါ။

သူမရဲ့ ဖခင်ဖြစ်သူက စားဖိုမှူးဖြစ်တဲ့အတွက် ဟင်းချက်တတ်တဲ့ ယောက်ျားလေးမျိုးသဘောကျကြောင်း Lisa က ဆိုခဲ့တာပါ။ “ဒါက ပြောရတော့ခက်ပါတယ်။ ကြင်နာတတ်ရမယ်။ ဟင်းချက်နိုင်ရမယ်။ ကျွန်မနဲ့ လိုက်ဖက်တဲ့ဘဝမျိုးရှိရမယ်”လို့ Lisa က ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Lisa က သူမသဘောကျတဲ့ အမျိုးသမီးပုံစံမျိုးကိုလည်း ဖွင့်ဟခဲ့ပါတယ်။ သူမရဲ့ အဖြေကတော့ တခြားမဟုတ်ပါဘူး။ Lisa က BLACKPINK အဖွဲ့ဝင် Jennie လိုပုံစံမျိုးကို သဘောကျတယ်လို့ ဖွင့်ဟခဲ့တာပါ။

“Jennie ပါ။ သူမက ဆွဲဆောင်မှုရှိပြီး ချစ်စရာလည်း ကောင်းပါတယ်”လို့ Lisa က ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ Lisa က Jennie သာမက သူမရဲ့အဖွဲ့ဝင်တွေကို အမြဲတမ်း ချစ်ခင်သူဆိုရင်လည်း မမှားပါဘူး။

-Ref: Koreaboo

You cannot copy content of this page