K pop

■ GOT7 ဟာ ထာဝရတည်ရှိနေမယ်ဆိုတာ သက်သေပြခဲ့တဲ့ GOT7 အဖွဲ့ဝင်များ

– – -ဘယ်နေရာ၊ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် GOT7 က ရင်ထဲအမြဲရှိတယ်ဆိုတာ…

GOT7 အဖွဲ့ဟာ ပြီးခဲ့တဲ့လအတွင်း JYP Entertainment နဲ့ လမ်းခွဲလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ GOT7 အဖွဲ့ဟာ အဖွဲ့ဖျက်သိမ်းသွားခြင်း မရှိဘဲ ဆက်လက်တည်ရှိနေဆဲပါ။

လတ်တလောမှာ GOT7 အဖွဲ့ဝင်တွေဟာ အဖွဲ့လိုက်လှုပ်ရှားမှု မရှိသေးပေမဲ့ Solo လမ်းကြောင်းကို လျှောက်လှမ်းနေကြတာပါ။ Jinyoung နဲ့ Youngjae တို့က သရုပ်ဆောင်လမ်းကို လျှောက်လှမ်းနေပြီး Jay B, Mark, Yugyeom, Jackson နဲ့ BamBam တို့ကတော့ ဂီတဘက်ကို အားစိုက်နေတာပါ။

တလောတုန်းကတော့ BamBam နဲ့ Yugyeom တို့ဟာ သူတို့ရဲ့ ပထမဆုံး Solo Album တွေကို ထုတ်ဝေခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီလို Solo အဖြစ် လျှောက်လှမ်းစဉ်မှာလည်း သူတို့ဟာ GOT7 အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ ရင်ထဲထည့်ထားပြီးသားပါ။ သူတို့ဟာ GOT7 အဖွဲ့ဝင်အဖြစ် မိတ်ဆက်ခဲ့သလို ဖျော်ဖြေမှုအဆုံးသတ်ပိုင်းမှာလည်း GOT7 Sign ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် Youngjae ကလည်း So Not Worth It ဇာတ်လမ်းတွဲအတွက် ပရိုမိုးရှင်းမှာ “ကျွန်တော်က GOT7 အဖွဲ့ဝင် Youngjae ပါ။ ကျွန်တော်တို့ ၇ ယောက်အနေနဲ့…အာ.. ၇ ယောက်မဟုတ်ဘူးပဲ။ ပြောနေကျအကျင့်ပါသွားလို့ပါ”လို့ ဆိုခဲ့ပါတယ်။။ဒီမြင်ကွင်းကလည်း ပရိသတ်တွေအဖို့ ထိရှစရာဖြစ်ခဲ့ရပါတယ်။

GOT7 အဖွဲ့ဝင်တွေရဲ့ ဒီလိုမျိုး ပုံရိပ်တွေကို ပရိသတ်တွေအနေနဲ့ ကြည်နူးခဲ့ကြပြီး သူတို့ရင်ထဲမှာ GOT7 က ထာဝရတည်ရှိနေမယ်ဆို အသေအချာပါပဲ

:Ref: Koreaboo

You cannot copy content of this page