K pop

■ ပထမဆုံးအကြိမ် Solo အဖြစ် ပွဲထွက်တော့မဲ့ EXO အဖွဲ့ဝင်

– – -ဒီသတင်း ထွက်ပေါ်ခဲ့ပြီးနောက် SM က လည်း အတည်ပြုခဲ့ပြီး…

EXO အဖွဲ့ဝင် D.O. ဟာ သူ့ရဲ့ ပထမဆုံး Solo Album ကို ထုတ်ဝေတော့မှာ ဖြစ်ပါတယ်။

SPOT TV က ဒီသတင်းကို ဖော်ပြခဲ့ပြီးနောက် မကြာခင်မှာပဲ SM Entertainment က အတည်ပြုခဲ့တာပါ။ “D.O. ဟာ ဇူလိုင်လကုန်ပိုင်းလောက်မှာ Solo Album ကို ထုတ်ဝေတော့မှာပါ။ ကျေးဇူးပြုပြီး စောင့်စားပေးကြပါဦး”လို့ SM က ထုတ်ပြန်ခဲ့တာပါ။

ဒါဟာ D.O. အတွက်တော့ ပထမဆုံး Solo ပွဲထွက်တာဆိုရင်လည်း မမှားပါဘူး။ D.O. ဟာ စစ်မှုမထမ်းခင် ၂၀၁၉ ခုနှစ်တုန်းကတော့ SM Station အဖြစ် ပရိသတ်တွေအတွက် That’s okay သီချင်းကိုတော့ ထုတ်ဝေခဲ့ဖူးတာပါ။

-Ref: Koreaboo

You cannot copy content of this page