— လက်ရှိအချိန်မှာ BLACKPINK ဟာ YouTube Views 1 ဘီလီယံပြည့် သီချင်းအများဆုံးပိုင်ဆိုင် ထားတဲ့ K-pop အဖွဲ့တစ်ဖွဲ့မဟုတ်လား…
BLACKPINK အဖွဲ့ဟာ YouTube Views 1ဘီလီယံပြည့် သီချင်း 4 ပုဒ်ကို ပိုင်ဆိုင်ထားပြီး “DDU-DU DDU-DU,” ၊ “Kill This Love,” ၊ “BOOMBAYAH,” နဲ့ “As If It’s Your Last.” တို့ဖြစ်ပါတယ်။
ထပ်ပြီးတော့ BLACKPINK အဖွဲ့ဟာ မကြာခင်မှာ နောက်ထပ် YouTube Views 1 ဘီလီယံပြည့် သီချင်းတစ်ပုဒ်ကို ပိုင်ဆိုင်ဖို့အတွက် အလားအလာတွေရှိနေပြန်ပါပြီ။ ဘာလို့လည်းဆိုတော့ ဇွန်လ 24 ရက်နေ့က သူတို့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “How You Like That” ဟာ YouTube Views သန်း 900 ပြည့်တဲ့ မိုင်တိုင်ကို ရောက်ရှိခဲ့ပါတယ်။
How You Like That ဟာ ဇွန်လ 26 ရက်၊ 2020 ခုနှစ်က ထုတ်လွှင့်ထားတာဖြစ်ပြီး YouTube Views သန်း 900 ပြည့်တဲ့ အမြန်ဆုံး Korean Girl Group MV အဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်။ အရင်က YouTube Views သန်း 900 အမြန်ဆုံးပြည့်တဲ့ Korean Girl Group MV မှာ “DDU-DU DDU-DU.” ဖြစ်ပြီး BLACKPINK အဖွဲ့က ကိုယ့်စံချိန်ကိုပဲ ကိုယ်ပြန်ချိုးခဲ့တာဖြစ်ပါတယ်။
-m2t
Ref: Soompi