K pop

■ ဝန်ထမ်းတွေအပေါ် Baekhyun ဘယ်လိုဆက်ဆံတယ်ဆိုတာကို Park Nae Joo ဖွင့်ဟ

— – – Park Nae Joo က “Growl” Era ကတည်းက EXO အဖွဲ့ရဲ့ Hair Stylist ဖြစ်ပြီး Baekhyun က ဝန်ထမ်းတွေအပေါ် …

Bit&Boot Salon You Tube Channel မှာ ဆိုင်ရှင် Park Nae Joo ဟာ Baekhyun ဆံပင်လာညှပ်တုန်းက ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး ဝန်ထမ်းတွေအပေါ် Baekhyun ဘယ်လိုဆက်ဆံတယ်ဆိုတာကို ပြောပြခဲ့ပါတယ်။

Park Nae Joo က သူတို့ရဲ့ Stylist တစ်ဦးဖြစ်တဲ့ You Mi ဟာ SuperM အဖွဲ့ အမေရိကန်မှာ သွားရောက်ဖျော်ဖြေတုန်းက အတူလိုက်ပါခွင့်ရခဲ့တဲ့အတွက် ပျော်လွန်းလို့ ငိုတောင် ငိုခဲ့ကြောင်း Baekhyun ကို ပြောပြခဲ့ပါတယ်။ အဲဒီမှာ Baekhyun က တကယ်ပဲလားလို့ ပြန်မေးခဲ့ပါတယ်။

အဲဒီမှာ Park Nae Joo က You Mi ဟာ SuperM အဖွဲ့နဲ့ အမေရိကန်ကို သွားခဲ့တာဟာ ပထမဆုံးနိုင်ငံခြားအတွေ့အကြုံ ဖြစ်တာကြောင့် စိတ်ပူနေခဲ့ပေမဲ့ Baekhyun ကြောင့် အဆင်ပြေခဲ့ကြောင်းဆိုပါတယ်။ Park Nae Joo က “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဝန်ထမ်းတွေအပေါ် Baekhyun လောက် နွေးနွေးထွေးထွေး ဆက်ဆံသူ မရှိဘူး”လို့တောင် ဆိုခဲ့တာပါ။

ဒါ့ပြင် သူက Baekhyun ဟာ ဝန်ထမ်းတွေအပေါ် ခွဲခြားဆက်ဆံတာမျိုးကို ရွံမုန်းလေ့ရှိပြီး အဲဒီလို ဆက်ဆံသူတွေကို ဒေါသထွက်လေ့ရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page