K pop

■ “That’s okay” လိုမျိုးကောင်းတဲ့ သီချင်းတွေ ထုတ်တော့မယ့် D.O.

—- EXO-L တွေရဲ့ အချစ်တော် EXO Vocalist တစ်ဦးဖြစ်သူ D.O. ဟာ ပထဆုံး Solo Album ကို ထုတ်တော့မယ်လို့ အတည်ပြုခဲ့ပါတယ်။

လက်ရှိအချိန်မှာ D.O. ဟာ သူ့ရဲ့ ပထမဆုံး Solo Album အတွက် ပြင်ဆင်နေပြီး ဇူလိုင်လနှောင်း ပိုင်းမှာ ထုတ်လွှင့်မယ်လို့ SM Entertainment က တရားဝင်ကြေညာခဲ့ပါတယ်။

 

“ D.O. ဟာ ဇူလိုင်လနှောင်းပိုင်းမှာ သူ့ရဲ့ ပထမဆုံး Solo Album ကို ထုတ်ဖို့ အစီအစဉ်ဆွဲထားပါ တယ်” လို့ SM Entertainment က ထုတ်ပြန်ခဲ့ပါတယ်။

ပရိသတ်တွေဟာ D.O. ရဲ့ အသံအေးအေးလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ သီချင်းအေးအေးလေးတွေကို မျှော်လင့်နေတာဖြစ်ပြီး စစ်မှုမထမ်းခင်တုန်းက EXO-L တွေအတွက် ချန်ထားခဲ့တဲ့ “That’s okay” သီချင်းဟာဆိုရင် Cele တွေရော ပရိသတ်တွေပါ ကြိုက်တဲ့ သီချင်းကောင်းဖြစ်ပါတယ်။

D.O. ဟာ စစ်မှုတာဝန်ထမ်းဆောင်ပြီးကတည်းက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်နေသလို EXO အဖွဲ့နဲ့ Comeback လည်းလုပ်ပြီးခဲ့ပြီဖြစ်သလို အခုအခါ ပထမဆုံး Solo Album ကိုလည်းထုတ် တော့မှာပါ။ သရုပ်ဆောင်ဘက်မှာလည်း ရုပ်ရှင် “The Moon” ကို ရိုက်ကူးနေသလို Taiwanese film “Secret.” ကိုရီးယားဗားရှင်းမှာ သရုပ်ဆောင်ဖို့ အတည်ပြုထားတာဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page