K pop

■ TikTok Follower 10 သန်းပြည့်တဲ့ တတိယမြောက် K-pop Group

—- TXT အဖွဲ့ဟာ TikTok Follower 10 သန်းပြည့်တဲ့ တတိယမြောက် K-pop Group ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဇွန်လ 25 ရက်နေ့က TXT အဖွဲ့ရဲ့ TikTok Official အကောင့် Follower 10 သန်းပြည့်သွားခဲ့ပြီး နောင်တော် BTS အဖွဲ့ရဲ့ ခြေယာကို အမှီလိုက်နိုင်ခဲ့ပါတယ်။ K-pop Group တွေထဲမှာ TikTok အကောင့် Follower 10 သန်းပြည့်တဲ့ အဖွဲ့မှာ TXT အပါအဝင် (၃)ဖွဲ့သာရှိတာဖြစ်ပါတယ်။

BTS ၊ BLACKPINK နဲ့ အခုနောက်ဆုံး TXT အဖွဲ့တို့ဖြစ်ပါတယ်။ နောက်ပြီး TXT အဖွဲ့ဟာ TikTok မှာ Like အများဆုံး ဒုတိယမြောက် K-pop Artist တွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ TikTok အကောင့် Like ဟာ 234.5 သန်းကျော်တာဖြစ်ပြီး BTS ပြီးရင် သူတို့က Like အများဆုံးဖြစ်ပါတယ်။

မကြာသေးခင်က TXT ရဲ့ နောက်ဆုံးထွက် Album “The Chaos Chapter: FREEZE“ ထဲက B-Side Track “Anti-Romantic” ဟာပေါ်ပြူလာဖြစ်ခဲ့ပြီး TikTok ပလက်ဖောင်းမှာ ဗီဒီယို 106,000 ကျော်ရှိ ခဲ့တယ်လို့ သိရပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page