K pop

■ Jennie နဲ့ Rosé တို့ လော့အိန်ဂျလီစ်ကို ဘာကြောင့် ရောက်နေတာလဲ

– – – Jennie နဲ့ Rosé တို့ကို လော့အိန်ဂျလီစ်မှာ မြင်တွေ့ခဲ့ရပြီးနောက် BLINK တွေ က…

BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie နဲ့ Rose’ တု့ိကို အမေရိကန်နိုင်ငံ၊ လော့အိန်ဂျလိစ်မှာ မြင်တွေ့ခဲ့ရပြီးနောက် BLINK တွေအနေနဲ့ တစ်ခုခုထူးတော့မလားဆိုပြီး ရင်ခုန်နေကြတာပါ။

The Hollywood Fix က ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာတော့ သူတို့နှစ်ယောက်ကို ကလေးပစ္စည်းရောင်းတဲ့ ဆိုင်ရှေ့မှာ တွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက် ဘာအတွက်ကြောင့် လောအိန်ဂျလိစ်ရောက်နေတာလဲဆိုပြီး ပရိသတ်တွေက အဖြေရှာခဲ့ကြပါတယ်။

တချို့ကလည်း Lady Gaga နဲ့ Collab လုပ်ထားတဲ့ Sour Candy MV ရိုက်ကူးဖို့ ဖြစ်နိုင်တယ်လို့ ဆိုနေကြသလို တချို့ကလည်း Taylor Swift နဲ့ Collab လုပ်နိုင်ချေရှိတာကြောင့်လို့ ထင်ကြေးပေးနေကြပါတယ်။

ကလေးအဝတ်ဆိုင်ရှေ့ တွေ့မြင်ခဲ့ရတာကတော့ မကြာခင် မွေးဖွားတော့မဲ့ Halsey ရဲ့ ကလေးအတွက် လက်ဆောင်ပေးဖို့ဆိုပြီး ပရိသတ်တွေက သုံးသပ်ခဲ့ကြပါတယ်။

ဘာပဲပြောပြော တစ်ခုခုထူးတော့မလားဆိုပြီး BLINK တွေရဲ့ ရင်ခုန်စိတ်ကို နိုးကြား တက်ကြွစေခဲတာတော့ အမှန်ပါပဲ။

-Ref: Koreaboo

You cannot copy content of this page