– – – BTS,BLACKPINK, EXO အဖွဲ့ဝင်တို့ရဲ့ Comeback တွေကို ဇူလိုင်လအတွင်း….
၂၀၂၁ ခုနှစ်အတွင်းမှာလည်း လစဉ်လတိုင်း K-pop သီချင်းကောင်းတွေကို ပရိသတ်တွေ ခံစားခဲ့ကြရတာပါ။ အခု ဇူလိုင်လမှာတော့ ပရိသတ်တွေအနေနဲ့ နာမည်ကျော် Idol တွေရဲ့ Comeback ကို မြိုင်မြိုင်ဆိုင်ဆိုင် ခံစားရဖို့ ရှိနေပါတယ်။
Soyeon ((G)I-DLE)
(G)I-DLE အဖွဲ့ဝင် Soyeon ရဲ့ Solo Comeback ကို ဇူလိုင်လ (၅) ရက်နေ့မှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး Mini Album Windy ကို ထုတ်ဝေသွားမှာဖြစ်ပြီး ခေါင်းစီးသီချင်းနာမည်ကတော့ Beam Beam ပါ။
Kyuhyun (Super Junior)
နွေရာသီကို ကိုယ်စားပြုမဲ့ Super Junior အဖွဲ့ဝင် Kyuhyun ရဲ့ Comeback ကိုလည်း ဇူလိုင်လ (၅) ရက်နေ့မှာ ခံစားရမှာပါ။
BTS
နာမည်ကျော် BTS အဖွဲ့ကလည်း ARMY Fandam (၈) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ Single Album ထုတ်ဝေသွားမှာပါ။ ဒီ Butter Album မှာ သီချင်းသစ်တွေလည်း ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။
Minzy
Minzy ရဲ့ Comeback ကိုလည်း ဇူလိုင် (၁၁) ရက်နေ့မှာ ခံစားရမှာပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ် မေလအတွင်း Lovely သီချင်းထွက်ရှိပြီးနောက် Solo အနေနဲ့ ပထမဆုံး Comeback လည်း ဖြစ်ပါတယ်။
ဒါ့အပြင် SNSD အဖွဲ့ခေါင်းဆောင် Taeyeon ရဲ့ Comeback ၊ EXO အဖွဲ့ဝင် D.O.နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ရဲ့ Solo Debut တို့ကိုလည်း ဇူလိုင်လအတွင်း ခံစားသွားရဖွယ် ရှိနေတာပါ။ သူတို့ရဲ့ Comeback ရက်တွေကိုတော့ သက်ဆိုင်ရာအေဂျင်စီတွေက အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး
-Ref: Koreaboo