K pop

■ KaiSoo ဆိုပြီး Ship ကြတာ ဒါကြောင့်ပါတဲ့

— – – EXO အဖွဲ့ဝင်တွေဖြစ်တဲ့ Kai နဲ့ D.O. တို့ဟာ မွေးနေ့ အလွန်နီးကပ်သူတွေဖြစ်ပြီး D.O. က ဇန်နဝါရီ (၁၂)ရက်မှာ မွေးကာ Kai ကတော့ …

K-Pop အဖွဲ့တွေထဲမှာ ပရိသတ်တွေက အဖွဲ့ဝင်အချင်းချင်း Ship ပေးတာမျိုး ရှိပြီး ဒါက အပျော်သဘောတစ်ခုအနေနဲ့ ကောင်းပြီး Strong ဖြစ်တာကတော့ အတော်လေး ဆိုးတယ်လို့ ဆိုရမှာပါ။ EXO အဖွဲ့ဝင်မှာလည်း အဖွဲ့ဝင်တွေ အချင်းချင်း Ship တာ ရှိပြီး ChanBaek နဲ့ KaiSoo တို့ကတော့ ပိုထင်ရှားတယ်လို့ ဆိုရမှာပါ။

အရပ်အမောင်း ကွာဟမှု


Kai က 182cm (6’0 “) ရှိပြီး D.O.(Do Kyung Soo) ကတော့ 172cm (5’7”) ရှိပါတယ်။ အရပ်အမောင်း ကွာဟမှုမှာ 10 cm ရှိပြီး သူတို့နှစ်ဦး ယှဉ်ရပ်လိုက်မယ်ဆိုရင် အတော်လေးကို ကြည့်ကောင်းတာပါ။

D.O. ကို ‘aegyo’ လုပ်စေချင်တဲ့ Kai


D.O. ရဲ့ ‘aegyo’ ကို အမြင်ဆုံးလူသားကတော့ Kai ပါပဲ။ အဲဒီအတွက်လည်း Kai အားထုတ်လေ့ရှိပြီး D.O. ရဲ့ ‘aegyo’ ကို မြင်ရရင် အရမ်းပျော်တယ်လို့လည်း ပရိသတ်တွေကို ပြောလေ့ရှိပါတယ်။

D.O. ရဲ့ အသံကို ကြိုက်တဲ့ Kai


Kai က EXO အဖွဲ့ဝင်တွေထဲမှာ D.O. ရဲ့ အသံကို အကြိုက်ဆုံးလို့ ဆိုပါတယ်။ D.O. သီချင်းဆိုတဲ့ အခါတိုင်း Kai က Hyun အသံ အရမ်းကောင်းတယ်လို့ ချီးကျူးလေ့ရှိပါတယ်။

Kai အကစကေးကို ကြွေတဲ့ D.O.


D.O. က စတိတ်စင်ပေါ်မှာ Kai အကတွေနဲ့ ဖျော်ဖြေတိုင်း အံ့သြရတယ်လို့ ဝန်ခံဖူးပါတယ်။ သူလည်း EXO အဖွဲ့ဝင် ဖြစ်ပေမဲ့ Kai ရဲ့ အကစွမ်းရည်ကို မချီးကျူးဘဲ မနေနိုင်ပါဘူးတဲ့။

သူတို့ အမြဲတမ်း အတူတူရှိနေတယ်


K-Pop အအောင်မြင်ဆုံးအဖွဲ့တွေထဲက တစ်ဖွဲ့အနေနဲ့ EXO အဖွဲ့ဝင်တွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ဝေဖန်မှုတွေ၊ ဖိအားတွေက များပါတယ်။ အဲဒီလိုအခါမျိုးမှာ Kai အတွက် D.O. အမြဲအသင့်ရှိနေသလို၊ D.O. အတွက်လည်း Kai က အမြဲရှိနေပါတယ်တဲ့။

— ဃဲ
Ref: SB & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page