K pop

■ BTS ရဲ့ Music အသစ်မှာ Ed Sheeran ပါဝင်ထားတယ်လို့ Big Hit အတည်ပြု

— Ed Sheeran ဟာ နောက်ထပ် BTS အတွက် သီချင်းရေးထားပြန်ပါပြီ…

ဇွန်လ 27 ရက်နေ့က Big Hit ဟာ လာမယ့် BTS ရဲ့ Music အသစ်မှာ Ed Sheeran က ပူးပေါင်း ပါဝင်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဇွန်လ 26 ရက်နေ့က Ed Sheeran ဟာ American radio show “Most Requested Live” အစီအ စဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ New Single “Bad Habits” နဲ့ပါတ်သက်ပြီး ပြောခဲ့သလို BTS အတွက် အလုပ်လုပ်နေကြောင်းကိုလည်း တစွန်းတစပြောခဲ့တာပါ။

“ တကယ်တော့ ကျွန်တော်ဟာ BTS ရဲ့ နောက်ဆုံးသီချင်းအတွက် အလုပ်အတူတူလုပ်နေတာဖြစ်ပါ တယ်။ သူတို့သီချင်းအတွက် ကျွန်တော် ရေးပေးခဲ့တာပါ။ နောက်ပြီး သူတို့ဟာ တကယ်ကို တော်တဲ့ သူတွေဖြစ်ပါတယ်” လို့ Ed Sheeran က ပြောခဲ့တာဖြစ်ပါတယ်။

နောက်တော့ အဆိုပါ သတင်းတွေကို Big Hit က အတည်ပြုခဲ့ပြီး “ အမှန်ပဲဖြစ်ပါတယ်။ Ed Sheeran ဟာ BTS ရဲ့ သီချင်းသစ်မှာ ပူးပေါင်းပါဝင်ထားပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ed Sheeran နဲ့ BTS တို့ Collaboration လုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ အရင်ကလည်း BTS ရဲ့ 2019 Album “Map of the Soul: Persona.” မှာ “Make It Right” ကို Collaboration လုပ်ခဲ့သေးတာလည်းဖြစ်ပါတယ်။

-m2t
Ref: Soompi

You cannot copy content of this page