K pop

■ ပြီးခဲ့တဲ့ 3 နှစ်အတွင်း တောင်ကိုရီးယားမှာ အချစ်ခံရဆုံး K-pop Idol တွေက ဘယ်သူတွေလဲ

—- မကြာသေးခင်က Survey တစ်ခုရဲ့ ဖော်ပြချက်အရ ဒီ K-pop Idol တွေဟာ လွန်ခဲ့တဲ့ 3 နှစ် အတွင်း တောင်ကိုရီးယားမှာ အချစ်ခံရဆုံး K-pop Idol တွေပါတဲ့…

Survey ကို K-pop ပရိသတ်တွေရော K-pop ပရိသတ်မဟုတ်တဲ့ တောင်ကိုရီးယားပြည်သူတွေဆီက နေကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒီစစ်တမ်းကောက်ယူရရှိတဲ့ အချက်အလက်တွေအရ BTS အဖွဲ့ရဲ့ Golden Maknae လေး Jungkook ဟာ လွန်ခဲ့ဲတဲ့ 3 နှစ်အတွင်း တောင်ကိုရီးယားပရိသတ်တွေရဲ့ အချစ်ခံရဆုံး K-pop Idol အဖြစ် ထိပ်ဆုံးမှာရပ်တည်ခဲ့ပါတယ်။

Jungkook ပြီးတော့ ASTRO အဖွဲ့ဝင် မင်းသား Chan Eun Woo က ဒုတိယမှာရပ်တည်ခဲ့ပြီး တတိ ယမှာ BLACKPINK အဖွဲ့ဝင် Jennie က ရပ်တည်ခဲ့ပါတယ်။

Top Ten စာရင်းထဲမှာ နာမည်ကျော် IU ၊ V ၊ Jimin ၊ Kang Daniel ၊ Hyuna ၊ Taemin နဲ့ Minho တို့လည်း ပါဝင်ရပ်တည်ခဲ့တာကို တွေ့ရပါတယ်။ Survey ကောက်ယူမှုအရ လွန်ခဲ့တဲ့ 3 နှစ်အတွင်း တောင်ကိုရီးယားမှာ အချစ်ခံရဆုံး K-pop Idol တွေကို % တွေနဲ့ တကွ ဖော်ပြပေးလိုက်ပါတယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page