— GOT7 အဖွဲ့ဝင် Jackson နဲ့ BLACKPINK အဖွဲ့ဝင် Lisa တို့ဟာ အေဂျင်စီမတူကြပေမယ့် ခင်မင် ရင်းနှီးကြတဲ့ မိတ်ဆွေတွေဆိုတာ ပရိသတ်တွေသိပါတယ်။
မကြာသေးခင်က Jackson ဟာ Lisa ဆီကနေ Trend ဖြစ်နေတဲ့ ထိုင်း Dance ကို သင်ယူခဲ့တယ် လို့ ဖွင့်ဟခဲ့ပါတယ်။ Jackson ဟာ ဇွန်လ 24 ရက်နေ့က ပြသခဲ့တဲ့ တရုတ်ရှိုး “Go Fridge” အစီအစဉ်မှာ ပေါ်ပြူလာဖြစ်တဲ့ တရုတ် Boy Group INTO1 နဲ့အတူ ပါဝင်ခဲ့ပါတယ်။
Jackson was doing a little funny dance, he said "Lisa taught me this, she'd say 'This is very popular recently.'"
JACKSON LISA BESTIES
pic.twitter.com/VRPNggVOdq— 🌻 (@lisamygem) June 24, 2021
အဆိုပါ အစီအစဉ်အပိုင်းတစ်ခုမှာ Jackson ဟာ တရုတ်အဖွဲ့ INTO1 ထဲက ထိုင်းအဖွဲ့ဝင်တစ်ဦးဖြစ် တဲ့ Nine ကို နောက်ပြောင်စွာနဲ့ ထိုင်းသီချင်းဆိုပြခဲ့သလို လက်ရှိအချိန် ထိုင်းမှာ Trend ဖြစ်နေတဲ့ Dance ကိုလည်း ကပြခဲ့တာဖြစ်ပါတယ်။
Nine ဟာ Jackson ရဲ့ ကကွက်ကို ကြည့်ပြီးရယ်မောနေခဲ့ပါတယ်။ နောက်တော့ ဒီကကွက်ကို Lisa က သင်ပေးခဲ့တာလို့ Jackson ကပြောတော့ Nine ကို အံ့အားသင့်သွားပြီး တကယ်လားလို့ မေးခဲ့ပါ တယ်။
ပရိသတ်တွေလည်းသိတဲ့အတိုင်း Jackson နဲ့ Lisa အေဂျင်စီမတူကြပေမယ့် ခင်မင်ရင်းနှီးတဲ့ သူငယ် ချင်းမိတ်တွေဖြစ်ခဲ့ကြပြီး အရင်ကတည်းက Instagram Live တွေ၊ အစီအစဉ်အချို့တွေမှာ Mention ပေးခဲ့ကြပြီး သူတို့ရဲ့ ခင်မင်မှုကို ပြသခဲ့ကြတာပါ။ Jackson ဟာ “DDU-DU DDU-DU.” Cover Dance ကို ကဖူးခဲ့သလို Lisa ….Lisa … Lisa ကြည့်လိုက်…ဆိုပြီးတော့လည်း ပြုလုပ်ခဲ့ဖူးတာဖြစ်ပါ တယ်။
-m2t
Ref: Kpopstarz