— – – V အဲဒီလိုလုပ်ခဲ့တာ အကြိမ်ပေါင်း မနည်းပေမဲ့ အခုဖော်ပြမဲ့ (၂)ကြိမ်ကတော့ တော်တော်လေးကို …
BTS အဖွဲ့ဝင် V သူတို့ရဲ့ အမာခံပရိသတ်တွေဖြစ်တဲ့ ARMY တွေနဲ့ အမြဲတမ်းဆက်သွယ်လေ့ရှိသူဖြစ်ပြီး ဂိမ်းစ်အတူ ကစားတာတို့၊ Weverse မှာ စာပြန်တာတို့၊ အကြံပေးတာတော့ လုပ်လေ့ရှိပါတယ်။ အဲဒီလိုပဲ V ဟာ ARMY တွေကို တစ်ခါတလေတော့ ရင်တုန်အောင်လည်း စနောက်တတ်ပါသေးတယ်။
၂၀၁၄ တုန်းက Weverse မှာ V က “ကျွန်တော် ရေချိုးပြီးခါစ တစ်ဘက်တစ်ထည်းသာ ဝတ်ထားပုံကို တင်ချင်ပါတယ်။ အဆင်ပြေလားဗျာ”ဆိုပြီး ရေးတင်ခဲ့ပါတယ်။ ဒါကို ARMY တွေက ဝမ်းသာအယ်လဲ ကြိုဆိုခဲ့ကြပြီး အမျိုးမျိုး စိတ်ကူးယဉ်ခဲ့ကြပါတယ်။
အဲဒီနောက် သိပ်မကြာခင်မှာ V ဟာ သူပြောတဲ့အတိုင်း ရေချိုးပြီးခါစ တစ်ဘတ်တစ်ထည်သာ ဝတ်ထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို အမှန်တကယ် တင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပုံက ARMY တွေ မျှော်လင့်သလို မဟုတ်ဘဲ ကလေးဘဝက ပုံဖြစ်နေတာပါ။
V ရဲ့ ကလေးဓာတ်ပုံကို မြင်ပြီးနောက်မှာတော့ ARMY တွေဟာ V ရဲ့ လူလည်ကျမှုကို ချီးကျူးခဲ့ပြီး သူတို့ရဲ့ ညစ်ပတ်တဲ့ စိတ်ကူးလေးတွေ ပယ်ခဲ့ရတယ်လို့ ဆိုခဲ့ကြပါတယ်။
နောက်တစ်ခုကတော့ ပိုဆိုးပါတယ်။ V ဟာ ကောင်မလေးတစ်ယောက်နဲ့ ဒိတ်လုပ်နေတဲ့ပုံကို တင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေက ဓာတ်ပုံထဲက ကောင်မလေးဟာ V ရဲ့ ချစ်သူဖြစ်မယ်ဆိုပြီး ကြေကွဲခဲ့ကြပါတယ်။
ဒါပေမဲ့ သိပ်မကြာခင်မှာ V ရဲ့ ဓာတ်ပုံထဲက ကောင်မလေးဟာ Produce 101 Season 2 မှာ ပါဝင်ခဲ့တဲ့ Jang Moon Bok ဖြစ်မှန်း ပရိသတ်တွေ သိသွားခဲ့ကြပါတယ်။
Jang Moon Bok က V ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေထဲက တစ်ဦးဖြစ်ပြီး အားလပ်ရက်မှာ သူတို့နှစ်ယောက်အတူ ဆုံတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။
— ဃဲ
Ref: SB & Photos Credit
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***