K pop

■ ARMY တွေကို ဘယ်လောက်ချစ်သလဲဆိုတဲ့မေးခွန်းကို အထာကျလွန်းစွာ ပြန်ဖြေခဲ့တဲ့ BTS အဖွဲ့ဝင် V

– – -V ပြန်ဖြေလိုက်တဲ့ စကားတွေက ARMY တွေ အသက်ရှူမှားသွားလောက်မယ် ထင်ပါတယ်။

ARMY ဆိုတာ BTS ဖြစ်တည်လာဖို့ အရေးပါဆုံးသော အစိတ်အပိုင်းဖြစ်တယ်ဆိုတာ အဖွဲ့ဝင်တွေအားလုံးကိုယ်တိုင်လည်း လက်ခံနားလည်ထားကြပါတယ်။ ဒါကြောင့် BTS အဖွဲ့ဝင်တိုင်းမှာ ကြုံရင်ကြုံသလို ARMY တွေဟာ သူတို့အတွက် အလွန်အရေးပါကြောင်း၊ ARMY တွေကို အလွန်ချစ်ကြောင်း ထုတ်ပြောပြောဆိုကြတာကို တွေ့ရမှာပါ။ အခုအခါ V ကလည်း သူ့အနေနဲ့ ARMY တွေကိုချစ်တဲ့အကြောင်း ပြောကြားသွားခဲ့တာပါ။

V ဟာ တလောတုန်းက Weverse မှာ ARMY တွေနဲ့ အပြန်အလှန်စကားပြောရင်း အချိန်ကုန်ဆုံးခဲ့ပါတယ်။ အဲဒီမှာ ARMY တစ်ယောက်က V ကို “ARMY တွေကို ဘယ်လောက်ချစ်သလဲ”လို့ မေးမြန်းခဲ့တာပါ။ V ပြန်ဖြေလိုက်တဲ့ စကားတွေက ARMY တွေ အသက်ရှူမှားသွားလောက်မယ် ထင်ပါတယ်။

“ကျွန်တော့် လက်မောင်းနှစ်ဖက်နဲ့ ထွေးပွေ့ထားရင်တောင် မလုံလောက်ပါဘူး။ အိပ်မက်ထဲမှာတောင် အရမ်းလွမ်းတယ်။ ARMY တွေကို အရမ်းချစ်တယ်။ တကယ်လို့ ကျွန်တော် ကလေး ရလာခဲ့ရင်တော့ သူ့ကို ပထမဆုံး သင်ပေးမယ့် စကားက ARMYဆိုတာပါပဲ”လို့ V ကဖွင့်ဟသွားခဲ့ပါတယ်။

V ရဲ့ တောက်ကီတွေအောက်မှာ ARMY တွေကတော့ အကြိမ်ကြိမ် သေဆုံးခဲ့ရတယ်လို့ပဲ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page