– – -တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုခေါ်ရမလဲဆိုတာ တိုင်ပတ်နေစဉ်မှာပဲ…
MBC က ထုတ်လွှင့်တဲ့ The Imaginarium အစီအစဉ်မှာ TWICE အဖွဲ့ဝင် Dahyun နဲ့ ASTRO အဖွဲ့ဝင် Eunwoo တို့ ပါဝင်ခဲ့ပြီး သူတို့နှစ်ယောက်ကြားက ပုံရိပ်တွေက ပရိသတ်တွေအတွက်တော့ ကြည်နူးစရာ ဖြစ်ခဲ့ရပါတယ်။
Eunwoo နဲ့ Dahyun တို့ဟာ အထက်တန်းကျောင်း တစ်ကျောင်းတည်း တက်ခဲ့ကြတာဖြစ်ပြီး အဲဒီအစီအစဉ်မှာ သူတို့တစ်တွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုခေါ်ရမလဲဆိုတာ အခက်တွေ့နေခဲ့ရတာပါ။
အဲဒီနောက် Dahyun က ဓအသက်အရွယ်က Oppa က တစ်နှစ်ကြီးတယ်။ ဒီတော့ Eunwoo Oppa”ဆိုပြီး ခေါ်ခဲ့ပါတယ်။ Dahyun ဆီက Oppa လို့အခေါ်ခံရစဉ်မှာ Eunwoo ရဲ့ တုံ့ပြန်ပုံက တကယ့်ကို ချစ်စရာကောင်းလွန်းတယ်လို့ ပရိသတ်တွေက ဆိုခဲ့ကြပါတယ်။
Eunwoo ကလည်း ချစ်စရာကောင်းစွာနဲ့ “ကောင်းပါပြီ Dahyun-ah”လို့ ပြန်လည်ခေါ်ခဲ့စဉ်မှာတော့ Dahyun တစ်ယောက် အလွန်သဘောကျသွားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *