– – – Yoo Seung Ho ရဲ့ ဒီစိတ်ဓာတ်ကောင်းကို ပရိသတ်တွေက ချီးကျူးနေကြပါတယ်။
Yoo Seung Ho ဟာ ၂၀၀၀ ခုနှစ်မှာ Daddy Fish ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ သူ့ရဲ့သရုပ်ဆောင်ဘဝကို စတင်ခဲ့တာပါ။ ကလေးသရုပ်ဆောင်အနေနဲ့ နှစ်ကာလတော်တော်ကြာ Yoo Seung Ho တစ်ယောက် ဖြတ်သန်းခဲ့ရတာပါ။
တစ်ဆင့်ချင်းစီ ထုဆစ်ပြီး Yoo Seung Ho ဟာ သူ့ရဲ့အိပ်မက်လျှောက်လှမ်းကို ပုံဖော်ခဲ့ရတာပါ။ ကိုရီးယားအနုပညာလောကမှာ ကလေးသရုပ်ဆောင်တွေရဲ့ဘဝဟာ တခြားသူတွေထက် ခက်ခဲပင်ပန်းတယ်လို့ Yoo Seung Ho က ဆိုပါတယ်။
ရိုက်ကွင်းမှာ အားလုံးက ကလေးသရုပ်ဆောင်တွေကို လေးစားမှုမရှိဘဲ ကလေးသရုပ်ဆောင်တွေအနေနဲ့ လူကြီးသရုပ်ဆောင်အဖြစ် နောက်တစ်ဆင့် တက်နိုင်ဖို့လည်း ခက်ခဲတယ်လို့ Yoo Seung Ho က ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့် ဒီလောကထဲက အတွင်းလူတစ်ယောက်ရဲ့ ဖွင့်ဟချက်အရ Yoo Seung Hoဟာ ဇာတ်ကားရိုက်တော့မယ်ဆိုရင် စာချုပ်ထဲမှာ ရိုက်ကွင်းပေါ်က လူအားလုံးဟာ ကလေးသရုပ်ဆောင်တွေကို လေးလေးစားစား ဆက်ဆံရမယ် ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တာပါ။
“လူကြီးသရုပ်ဆောင်အနေနဲ့လည်း စပြီးပွဲထွက်ခဲ့ရင် ကောင်းမယ်လို့ ကျွန်တော်တွေးမိပါတယ်။ ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ လုံးဝမလွယ်ပါဘူး။ ဒါကြောင့် ရိုက်ကွင်းရောက်သွားတိုင်း ကလေးသရုပ်ောဆာင်တွေကိုတွေ့ရင် ကျွန်တော် အားပေးလေ့ရှိတယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာလည်း သူတို့ရဲ့အတွက် စိုးရိမ်မိပြန်တယ်။ သူတို့ဟာ ရှေ့ဆက်ရမယ့်လမ်းမှာ ဖိအားတွေ အများကြီး ကြုံတွေ့ရတော့မှာလေ”
-Yoo Seung Ho
Yoo Seung Ho ရဲ့ အဲဒီအချက်၊ စိတ်ဓာတ်ကို သိရှိသွားပြီးနောက်မှာတော့ ပရိသတ်တွေက Yoo Seung Ho နဲ့ ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *