K pop

■ ဆင်းရဲတွင်းကနေ ရုန်းကန်ပြီး ထိပ်ဆုံးကို ရောက်ရှိလာခဲ့ကြခဲ့တဲ့ သရုပ်ဆောင်များ

သူတို့ဟာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားလာသူတွေပါ။ ဒါပေမဲ့ အရှုံးမပေးခဲ့ဘဲ အကောင်းဆုံးကြိုးစားခဲ့ပြီး အချိန်တန်တော့ အောင်မြင်မှုတွေ အများကြီးကို သိမ်းပိုက်ထားနိုင်ခဲ့ကြသူတွေပါ။

Seo In Guk

Seo In Guk ကလည်း ဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့တာပါ။ အစားစားရဖို့အတွက်တောင် ရုန်းကန်ခဲ့ရပြီး ဘဝကို ပင်ပင်ပန်းပန်း ဖြတ်သန်းလာခဲ့ရတာပါ။

Park Shin Hye

Park Shin Hye တစ်ယောက် အနုပညာရှင်တစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ ရည်မှန်းပြီး ဆိုးလ်ကိုတက်လာရာမှာ မိသားစုက ဆင်းရဲလွန်းလို့ သူမကို ဘာမှ မထောက်ပံ့ပေးနိုင်ခဲ့ပါဘူး။

Han So Hee

Hae So Hee ကလည်း အဆင့်ပေါင်များစွာကို ဖြတ်သန်းပြီးမှ ဒီလိုနာမည်တစ်လုံးရလာခဲ့တာပါ။ ကိုရီးယားဝမ် (၃) သိန်းထဲ ပိုက်ပြီး ဆိုးလ်ကိုတစ်ယောက်တည်း တက်လာရဲတဲ့ Hae So hee ရဲ့ ဇ ကတော့ လေးစားစရာ ကောင်းနေတာပါ။

IU

IU ဟာလည်း အကြွေးတွေနဲ့ နစ်မွန်းနေတဲ့ မိသားစုကနေ အခုလို ထိတ်ထိတ်ကြဲ စတားတစ်ယောက်ဖြစ်အောင် တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။

Park Bo Gum

Park Bo Gum အသက် (၂၂) နှစ်အရွယ်မှာပဲ သူတို့ရဲ့ စီးပွားရေက ဒေဝါလီခံခဲ့ရတာပါ။ အဲဒီနောက် Park Bo Gum ရဲ့အဖေက ပိုက်ဆံချေးခဲ့ပြီး အဲဒီတုန်းက Park Bo Gum က အာမခံပေးခဲ့ရတာပါ။ Park Go Gum ရဲ့ အနုပညာလျှောက်လမ်းအစကလည်း ခက်ခဲလွန်းခဲ့တာပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page