— သူ့ရဲ့ အသံ Tone ကို G-Dragon က အနှစ်သက်ဆုံးပါတဲ့…
BLACKPINK အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Rosé ဟာ BLACKPINK အဖွဲ့ဝင်အဖြစ် Debut မလုပ်ခင်က တည်းက BIGBANG‘s G-Dragon ရဲ့ 2012 Solo Album မှာ “Without You” သီချင်းကို duet ဆိုခဲ့ ဖူးတာ BLINK တွေအားလုံးလည်းသိပါတယ်။
အဲဒီတုန်းက Rosé ဆိုတာကို မဖော်ပြဘဲ လျှို့ဝှက်ထားခဲ့တာဖြစ်ပြီး YG ရဲ့ New Girl Group Female Singer လို့ပဲ သိခဲ့ကြတာပါ။ အဲဒီမှာကတည်းက Rosé ရဲ့ အသံကို BIGBANG အဖွဲ့ဝင် G-Dragon နဲ့ Taeyang တို့က ချီးကျူးခဲ့ကြတာဖြစ်ပါတယ်။
G-Dragon ဟာ သူ့ရဲ့ အဆိုပါ Minin Album အတွက် “First Mini Album Countdown Live,” မှာ သီချင်းတွေကို ပရိသတ်တွေအတွက် ဖွင့်ပြပြီး မိတ်ဆက်ပေးခဲ့ကြတာဖြစ်ပါတယ်။ G-Dragon ရယ်၊ Taeyang ရယ်၊ Choice37 ၊ Tablo နဲ့ Lydia တို့လည်းပါဝင်တာပါ။ “Without You” သီချင်းကို ဖွင့် ပြတဲ့အချိန်မှာတော့ G-Dragon က ဒီသီချင်းရဲ့ အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းက သူ့ရဲ့ Rap တွေမဟုတ်ဘဲ Rosé သီဆိုတဲ့အပိုင်းပါလို့ ပြောခဲ့ပါတယ်။
“ ဒီ သီချင်းရဲ့ အဓိက အစိတ်အပိုင်းကတော့ YG New Girl Group အဖွဲ့ဝင်တစ်ဦးရဲ့ အသံပဲဖြစ်ပါ တယ်” – G-Dragon
အဲဒီတုန်းက Rosé ဟာ အသက် 15 နှစ်အရွယ်သာရှိသေးပေမယ့် အဆိုစွမ်းရည်၊ အသံနဲ့ပတ်သက်ပြီး G-Dragon ရဲ့ ချီးကျူးမှုနဲ့ နှစ်သက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။
“ သူမဟာ ငယ်ပါသေးတယ်။ ဒါပေမဲ့ အသံကတော့ အရမ်းကောင်းလွန်းတာဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ကျွန်တော်နှစ်သက်တဲ့ Vocal Tone ဖြစ်ပါတယ်”
– G-Dragon
နောက်ပြီး Taeyang ကလည်း Rosé ကို ချီးကျူးခဲ့ပါသေးတယ်။ “ ကျွန်တော် ဒီ သီချင်းကို တကယ်ကြိုက်တာပါ။ တကယ့်ကို အလွန်ကောင်းမွန်တဲ့ သီချင်းဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: Koreaboo