“ အရာတစ်ခုကို စတင်ပြုလုပ်တဲ့အချိန်မှာ နည်းနည်းတော့ မျှော်လင့်ချက်မဲ့မှုတွေရှိမှာပါပဲ။ ဒီအတိုင်း ရှုံးနိမ့်နေတယ်လို့ ခံစားရတောင်မှ ကိုယ့်မျှော်လင့်ချက်တွေကို စွန့်မလွှတ်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ဂရု စိုက်ပြီး အကောင်းဆုံးကြိုးစားနေဖို့ လိုပါတယ်။
တစ်ချိန်ချိန်မှာတော့ မင်းအတွက် အောင်မြင်တဲ့လမ်းကြောင်းက ပေါ်လာပါလိမ့်မယ်။ ရှေ့မှာ ခက်ခဲတဲ့ လမ်းကြမ်းတွေရှိနေတာတောင် ပြင်းပြင်းထန်ထန်ကြီး ရှုံးနိမ့်တယ်လို့ မခံစားလိုက်ပါနဲ့။ အကောင်းမြင် စိတ်နဲ့ အားလုံးကို ရင်ဆိုင်လိုက်ပါ။ သတ္တိရှိရှိရဲရဲဝင့်ဝင့် ရှေ့ကို ရင်ဆိုင်လိုက်ရင် အရာအားလုံးအဆင် ပြေသွားမှာပါ”
-MAMAMOO အဖွဲ့ဝင် Hwasa
K-pop လောကမှာ Vocal အကောင်းဆုံး Idol တွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ Hwasa ဟာ အထက်ပါစကားကို အင်တာဗျူးတစ်ခုမှာတုန်းက Music လမ်းကြောင်းပေါ် စတင်တက်ရောက် လာတဲ့ ငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် အကြံပေးစကားအဖြစ် ပြောခဲ့တာဖြစ်ပါတယ်။ Hwasa ပြောတဲ့စကားတွေဟာ လူငယ်လူရွယ်တွေအတွက် အလွန်အဖိုးတန်တဲ့စကားဖြစ်ပါတယ်။
Hwasa က လူငယ်လူရွယ်တွေအနေနဲ့ မှောင်မိုက်တဲ့အချိန်တွေနဲ့ ရင်ဆိုင်နေရရင်တောင်မှ အရာအား လုံးကို အကောင်းမြင်ပြီး သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ အကြံပေးတာဖြစ်ပါတယ်။ ကိုယ့်ယုံကြည်မှု ကို မစွန့်လွှတ်ဘဲ အကောင်းမြင်စိတ်နဲ့ အခက်အခဲတွေကို ကျော်လွှားမယ်ဆိုရင် အောင်မြင်မှုပန်း တိုင်ကို ရောက်ရှိနိုင်မှာဖြစ်သလို ဒုက္ခတွေဆိုတာကလည်း ခဏခဏမလာနိုင်တဲ့ ဧည့်သည်တွေဖြစ်ပါ တယ်။
-m2t
Ref: Koreaboo