— – – Passport နှစ်ခုကိုင်ဆောင်သူပါ …
ကမ္ဘာပေါ်က Passport တွေထဲမှာ မျက်နှာအပွင့်ဆုံးနဲ့ ပါဝါအကြီးဆုံး Passport ကို ပြပါဆိုရင်တော့ ကမ္ဘာ့နံပါတ် (၁) နိုင်ငံဖြစ်တဲ့ အမေရိကန် Passport ကိုပဲ ပြရပါလိမ့်မယ်။
နာမည်ကျော် ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ အဲဒီ ပါဝါအကြီးဆုံး Passport ကို ပိုင်ဆိုင်ထားပါတယ်။
TWICE အဖွဲ့ဝင် Mina ကို ဂျပန်အဖြစ် ပရိသတ်တွေ သိထားကြမှာပါ။ တကယ်လည်း မှန်ပါတယ်။ ဒါပေမဲ့ Mina ဟာ ဂျပန်မှာ မွေးဖွားခဲ့သူတော့ မဟုတ်ပါဘူး။
Mina ကို အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးအရွယ်မှာပဲ ဂျပန်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် Mina ဟာ အမေရိကန်ရော၊ ဂျပန်နိုင်ငံသားအဖြစ်ပါ သတ်မှတ်ခံရပြီး ပါဝါအကြီးဆုံး Passport (၂)ခုကို ကိုင်ခွင့်ရထားတာပါ။
Ref: Koreaboo