— – – BIGBANG ပုံတင်ရာမှ အချိုးမပြေတာက စပြီး VIP တွေရဲ့ တောင်းဆိုမှုနဲ့ မေးခွန်းထုတ် …
ပရိသတ်တွေ Comeback လုပ်ဖို့ မျှော်လင့်နေကြပေမဲ့ ဒီနေ့ထက်ထိ BIGBANG အဖွဲ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုတော့ မြင်တွေ့ရခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ သိပ်မကြာခင် သူတို့ လာမယ်လို့ မျှော်လင့်ရပါတယ်။
ဇွန်လ ဒုတိယပတ်လောက်မှာတော့ YGE Japan က သူတို့ရဲ့ Twitter မှာ BIGBANG အဖွဲ့ဝင်တွေရဲ့ ပုံတွေကို တင်ခဲ့တာပါ။ အဲဒီလို တင်ခဲ့ရာမှာ G-Dragon, Taeyang နဲ့ Daesung ပုံတွေ ပါဝင်ပြီး T.O.P နဲ့ Seungri ပုံတွေတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။
ဒါကြောင့် VIP တွေက အဲဒီအပေါ် စိတ်ပျက်ခဲ့ကြပြီး YGE Japan ကို BIGBANG အဖွဲ့ဟာ အဖွဲ့(၅)ဦးကြောင့်သာ တည်ရှိလာခြင်းဖြစ်ပြီး ဘာကြောင့် T.O.P နဲ့ Seungri ပုံတွေကို ချန်ခဲ့ရတာလဲဆိုပြီး ဒေါသထွက်ခဲ့ကြသလို YGE Japan ကိုလည်း အဲဒီအတွက် မေးခွန်းထုတ်ခဲ့ကြပါတယ်။
အဲဒီလို မေးခွန်းထုတ်မှုတွေ များလာပြီးနောက်မှာတော့ YGE Japan က အဲဒီပို့စ်ကို ဖျက်ပစ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၀ မှာလည်း YG က ကိုရီးယားမှာ အမှုရင်ဆိုင်နေရတဲ့ သူတွေကို ပိုစတာကပ်ခွင့်မရှိဘူးဆိုတဲ့ ဥပဒေအရ BIGBANG အဖွဲ့ရဲ့ ပုံတွေမှာ Seungri ပုံကို ထည့်ခြင်းမရှိခဲ့ပါဘူး။
ဒါပေမဲ့ တရုတ် VIP တွေကတော့ ကိုရီးယားက မြေအောက်ဘူတာတွေဟာ Seungri ပါဝင်တဲ့ BIGBANG အဖွဲ့ ပုံတွေကို ကြော်ငြာကပ်ခဲ့ကြသလို၊ Seungri ရဲ့ ပိုစတာတွေကိုပါ ဈေးကြီးပေးပြီး ကြော်ငြာခဲ့ကြတာ ဖြစ်ပါတယ်။
Ref: BB-ISL