K pop

■ Y Magazine က YoonA ရဲ့ Timeless Beauty

— – – ကိုရီးယားမီဒီယာတွေကတော့ YoonA ကို Yoon-phrodite လို့ တင်စားနေကြပြီး အဲဒီလို …

အသစ်ထုတ်ဝေတဲ့ Y Magazine ဟာ သူတို့ရဲ့ ပထမဆုံး Issue မှာ Girls’ Generation အဖွဲ့ဝင် YoonA ကို မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့တာပါ။

Y Magazine ဟာ သူတို့ရဲ့ Cover မှာ အသုံးပြုခဲ့တဲ့ YoonA ကို Yoon-phrodite လို့ တင်စားထားပါတယ်။ (phrodite က Aphrodite ကို ဆိုလိုတာဖြစ်ပြီး ဂရိအလှနတ်ဘုရားမရဲ့ နာမည်ဖြစ်ပါတယ်)

YoonA ဟာ Y Magazine မျက်နှာဖုံးအတွက် အလှပုံတွေ ရိုက်ရာမှာ Miu Miu ဖက်ရှင် Brand နဲ့ လက်တွဲကာ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး Timeless Beauty ပုံစံ ပုံဖော်ထားပါတယ်။

အသက် (၃၁)နှစ် ကျော်ပြီဖြစ်ပေမဲ့ YoonA တစ်ယောက် ဘယ်လောက်အထိ နုပျိုပြီး လှပနေတယ်ဆိုတာ ပုံတွေမှာ မြင်တဲ့အတိုင်းပါပဲ။

ဇွန်လ (၃၀)ရက်နေ့ ထုတ်ဝေမယ့် Y Magazine မှာတော့ YoonA ရဲ့ အလန်းစားပုံတွေအပြင် သူ့ရဲ့ အင်တာဗျူးအပြည့်အစုံကိုပါ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page