K pop

■ Lisa ရဲ့ Solo Debut နဲ့ပတ်သက်လို့ ပြောပြခဲ့တဲ့ Jisoo

— – – Jisoo ကို Spoiler queen လို့ ခေါ်ကြပြီး Lisa နဲ့ Solo နဲ့ ပတ်သက်လို့ သူက ….

BLACKPINK အဖွဲ့နဲ့ပတ်သက်တာ၊ အဖွဲ့ဝင်တွေနဲ့ ပတ်သက်တာတွေကို BLACKPINK အဖွဲ့ဝင်တွေ ကိုယ်တိုင်ထက် သိတဲ့သူ မရှိနိုင်ပါဘူး။

BLACKPINK အဖွဲ့ဝင် Rosé ရဲ့ Solo ထွက်ပြီးနောက်မှာ ပရိသတ်တွေ မျှော်လင့်နေကြတာက Lisa ရဲ့ Solo ဖြစ်ပြီး သတင်းတွေအမျိုးမျိုးထွက်နေပေမဲ့ အခုထိတော့ အတည်မဖြစ်သေးပါဘူး။

အရင်တုန်းက Rosé ရဲ့ Solo မထွက်ခင် Jisoo က Rosé Solo ထွက်တော့မယ်လို့ ပြောပြီး မကြာခင်မှာပဲ အကောင်အထည်ပေါ်ခဲ့ပြီး အခုလည်း Lisa နဲ့ပတ်သက်လို့ Jisoo က အခုလို ပြောပါတယ်။

Jisoo က “ကျွန်မက BLACKPINK အဖွဲ့ဝင်ဆိုတော့ Lisa ရဲ့ Solo ထွက်တော့မယ်လို့ ကြားပါတယ်။ ✌️✌️✌️ Hehe Lalisa က အကောင်းဆုံးပါပဲ lol”ဆိုပြီး ပြောခဲ့တာပါ။

ပြင်သစ်အဆိုတော် DJ Snake ကလည်း သူဟာ Lisa နဲ့ Collaboration လုပ်ထားကြောင်း ဖွင့်ဟထားပြီး Lisa ရဲ့ Solo ကို ဇူလိုင်လ ဒါမှမဟုတ် သြဂုတ်လလောက်မှာ ထုတ်ဝေမယ်လို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

Ref: KSZ

You cannot copy content of this page