K pop

■ ပွဲမထွက်ခင်ကတည်းက King of K-Pop ဆီမှာ ချီးကျူးခံခဲ့ရတဲ့ BLACKPINK အဖွဲ့ဝင်

— – – YG စီနီယာအနေနဲ့ BLACKPINK အတွက် ကူညီပေးခဲ့တဲ့ GD က ပွဲမထွက်ခင်မှာတင် BLACKPINK အဖွဲ့ဝင် ….

YG Entertainment ကို တည်ဆောက်ပေးခဲ့သူတွေလို့ YG Founder ကိုယ်တိုင် ပြောလေ့ရှိတဲ့ BIGBANG အဖွဲ့ဟာ YG က ဂျူနီယာတွေကို အမြဲတမ်းကူညီဖေးမလေ့ရှိသူတွေဖြစ်ပြီး 2NE1, WINNER, iKON, BLACKPINK ကနေ နောက်ဆုံး TREASURE အထိ အားပေးကူညီခဲ့တာပါ။

WINNER, iKON တို့ ပွဲမထွက်ခင်က BIGBANG ရဲ့ G-Dragon နဲ့ Taeyang တို့ ကူညီခဲ့သလို၊ BLACKPINK အဖွဲ့ ပွဲမထွက်ခင်ကတည်းက G-Dragon အပါအဝင် BIGBANG အဖွဲ့ဝင်တွေဟာ BLACKPINK အဖွဲ့ကို ကူညီခဲ့တာပါ။ အထူးသဖြင့် G-Dragon ဟာ BLACKPINK အဖွဲ့ဝင်တွေဖြစ်လာမယ့် Jennie နဲ့ Rosé တို့ကို သူ့ရဲ့ Solo Album မှာ Featuring ထည့်သွင်းပြီး K-Pop နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

၂၀၁၂ ခုနှစ်ထုတ် G-Dragon ရဲ့ One of a Kind Album မှာ Rosé ဟာ Featuring အဖြစ် ပါဝင်ခွင့်ရခဲ့ပြီး အဲဒီတုန်းက Rosé ဟာ အသက် (၁၅)နှစ်ပဲ ရှိသေးသလို၊ YG မှာ သင်တန်းသူအဖြစ် လေ့ကျင့်နေတဲ့ ကာလလည်း ဖြစ်ပါတယ်။

One of a Kind Album မှာ Without You ဆိုတဲ့ သီချင်းတစ်ပုဒ်ပါဝင်ပြီး အဲဒီသီချင်းမှာ G-Dragon က Rosé ကို Featuring အဖြစ် ပါဝင်စေခဲ့တာပါ။ အဲဒီတုန်းက ပွဲမထုတ်သေးတာကြောင့် Rosé အမည်ကို YG က ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ YG က ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့သစ်ရဲ့ အဖွဲ့ဝင်လို့ပဲ ဖော်ပြခဲ့တာပါ။

G-Dragon ရဲ့ One of a Kind Album အတွက် First Mini Album Countdown Live ကို Taeyang, Choice37, Tablo, Lydia တို့နဲ့အတူ ပြုလုပ်ခဲ့ပြီး အဲဒီမှာ One of a Kind Album သီချင်းတွေကို အမြည်းသဘောဖွင့်ပြခဲ့ပါတယ်။

Without You သီချင်း ဖွင့်တဲ့အချိန်မှာ G-Dragon က “ဒီသီချင်းရဲ့ Highlight က YG က ပွဲထုတ်မယ့် အမျိုးသမီးအဖွဲ့သစ်က အဖွဲ့ဝင်တစ်ဦးရဲ့ အသံပဲဖြစ်ပါတယ်။ သူ(Rosé)က အသက်ငယ်သေးပေမဲ့ အသံကတော့ အရမ်းကို ကောင်းပါတယ်။ ကျွန်တော့်အကြိုက် အသံပါပဲ”လို့ ဆိုခဲ့တာပါ။

ဆက်ပြီးတော့ G-Dragon က Without You သီချင်းမှာ Featuring အဖြစ် ပါဝင်ခဲ့တဲ့ Rosé ကို “အရမ်းကောင်းတယ်။ (ဒီသီချင်းမှာ ပါဝင်ပေးတဲ့အတွက်) ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပြီး အဲဒီတုန်းက YG က အမျိုးသမီးအဖွဲ့သစ် ပွဲထွက်လာရင် အားပေးကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါကို အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Koreaboo

You cannot copy content of this page