K pop

■ လော့အိန်ဂျလိစ်ရောက်တုန်းက သူငယ်ချင်းကို မမေ့ခဲ့တဲ့ Rose’

– – – Rose’ ဟာ သူမရဲ့ သူငယ်ချင်းထံ သတိတရနဲ့ သွားလည်ခဲ့ပြီး….

BLACKPINK အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Jennie နဲ့ Rosé တို့ဟာ လော့အိန်ဂျလီစ်ကို ရောက်ရှိနေကြောင်း ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။

အဲဒီလို လော့အိန်ဂျလိစ်ကို ရောက်စဉ်မှာ Rose’ ကတော့ သူမရဲ့ သူငယ်ချင်းတစ်ဦးထံ မမေ့မလျော့နဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူကတော့ တခြားသူမဟုတ်ဘဲ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ Anthony Vaccarello ပါပဲ။

Anthony Vaccarello ဟာ သူ့ဆီ Rose’ လာလည်တာကို Instagram Story မှာ တင်ခဲ့ကာ Rose’ ကို tag ခဲ့ပြီး LA Surprise ဆိုတဲ့ Caption ကိုပါ ရေးသားခဲ့ပါတယ်။ Anthony Vaccarello ဟာ နဲ့ Rose’ နဲ့ ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။

သူက Rose’ ကို global ambassador အဖြစ် ခန့်အပ်ထားတဲ့ Saint Laurent ရဲ့ creative director လည်း ဖြစ်ပါတယ်။ ဒါကြောင့် Rose’ ဟာ မကြာခဏ ဆိုသလို သူ့ရဲ့ဒီဇိုင်းတွေကို ဝတ်ဆင်နေကျပါ။

သူတို့နှစ်ယောက်ဟာ ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ Paris Fashion Week မှာ ဆုံတွေ့ခဲ့ကြပြီး အဲဒီနောက် Rose’ ဟာ လူမှုကွန်ရက်မှာ Anthony Vaccarello ကို မကြာခဏ Tag တွဲလေ့ရှိပါတယ်။

Rose’ ဟာ Anthony Vaccarello ရဲ့အရည်အချင်းကိုလည်း အင်တာဗျူးတွေမှာ ချီးကျူးလေ့ရှိပြီး Rose’ ရဲ့ Solo Ablum ထွက်ရှိစဉ်တုန်းကလည်း Anthony Vaccarello က ဆုမွန်ကောင်း တောင်းပေးခဲ့ပါသေးတယ်။

-Ref: Koreaboo

You cannot copy content of this page