K pop

■ BTS ထဲမှာ Sakshma Srivastav ရဲ့ နှလုံးသားကို ခိုးယူနိုင်တဲ့ အဖွဲ့ဝင်က ဘယ်သူလဲ

– – – သူ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ Sakshma Srivastav ရဲ့နှလုံးသားတွေ တုန်လှုပ်နေခဲ့ရပြီး….

E NOW ရဲ့ Sakshma Srivastav ဟာ BTS အဖွဲ့ရဲ့ အမာခံပရိသတ်ဖြစ်ပြီး BTS ထဲမှာ သူမ အကြွေရဆုံး အဖွဲ့ဝင်ကိုလည်း ဖွင့်ဟသွားခဲ့ပါတယ်။

Sakshma ဟာ BTS အဖွဲ့နဲ့ သီးသန့်အင်တာဗျူးတစ်ခု ပြုလုပ်ခွင့်ရခဲ့ပါတယ်။ BTS ပရိသတ်ပီပီ BTS နဲ့ ပတ်သက်ပြီး Sakshma မေးတဲ့မေးခွန်းတွေကို ARMY တွေကလည်း သဘောကျခဲ့ကြပါတယ်။ BTS အဖွဲ့ကလည်း သူမနဲ့ အင်တာဗျူးချိန်မှာ ပေါ့ပေါ့ပါးပါးရှိနေခဲ့တာပါ။

အဲဒီနောက် Sakshma ဟာ BTS ကို သူမအင်တာဗျူးတဲ့ ဗီဒီယိုကို ပြန်ပြီး React လုပ်ခဲ့ပါတယ်။ အဲဒီမှာ Sakshma က BTS ထဲမှာ သူမရဲ့ Bias က V ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။

“သူက ကျွန်မရဲ့ Bias ပဲ။ ဒါကြောင့် ကျွန်မ တုန်လှုပ်နေခဲ့ရတယ်”လို့ V အကြောင်း ပြောနေစဉ်မှာ Sakshma က ဖွင့်ဟခဲ့ပါတယ်။ အဲဒီနောက် Sakshma ဟာ ရယ်လျက် သူမအနေနဲ့ V ကို အလွန်သဘောကျကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။

အင်တာဗျူးနေစဉ်မှာလည်း Sakshma နဲ့ V တို့အကြား အပြန်အလှန် ပုခုံးတွန့်ပြတာမျိုးတို့ အပေးအယူမိခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

-Ref: Koreaboo

You cannot copy content of this page