– – -Tzuyu နဲ့ ပတ်သက်ပြီး TWICE အဖွဲ့တွေရဲ့ ရင်ထဲ…
အနေအထိုင်အေးဆေးတယ်၊ စကားပြောနည်းတယ်၊ တည်တည်ငြိမ်ငြိမ်ရှိတယ်။ ဒါက TWICE အဖွဲ့ဝင် Tzuyu နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
တလောတုန်းက TWICE အဖွဲ့အနေနဲ့ ရေဒီယိုအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ရာမှာတော့ အဖွဲ့ဝင်တွေအနေနဲ့ Tzuyu နဲ့ ပတ်သက်တဲ့အကြောင်းအရာတချို့ကို အမေးခံခဲ့ရပါတယ်။ “Tzuyu ရဲ့ personality က ဘယ်လိုမျိုးလဲ။ သူမက ဘယ်လိုလူမျိုးလဲ”လို့ ရေဒီယို DJ က မေးခဲ့ပါတယ်။
ဒီအခါ Jeongyeon က Tzuyu ဟာ ဖြူစင်ပြီး သပ်သပ်ရပ်ရပ်ရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။ Dahyun ကတော့ Tzuyu ဟာ ရယ်စရာကောင်းသလို ချစ်စရာကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် ရေဒီယို DJ က Tzuyu က ဘာကြိုက်တတ်လဲလို့ မေးခဲ့ရာမှာတော့ Dahyun ကပဲ “သူမက ခွေးလေးတွေကို ချစ်တတ်တယ်။ အခုလည်း နှစ်ကောင်မွေးထားတယ် “လို့ ဖွင့်ဟခဲ့ပါတယ်။
Tzuyu ဟာ ခွေးလေးတွေကို ချစ်တတ်သူဖြစ်ပြီး အခုလည်း Butter နဲ့ Kaya ဆိုတဲ့ခွေးလေးနှစ်ကောင်ကို မွေးထားတာပါ။
-Ref: Koreaboo