– – – ဒီမင်းသား၊ မင်းသမီးတွေဟာ ကောလာဟလအမှားတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းထန်စွာ ခံစားခဲ့ရတာဖြစ်ပြီး……
Song Joong Ki
Song Joong Ki ဟာ ရှေ့နေတစ်ယောက်နဲ့ တွဲနေတယ်လို့ သတင်းအမှားတွေ ထွက်ပေါ်ခဲ့ဖူးတာပါ။ Song Hye Kyo နဲ့ ပျက်ပြီး တစ်နှစ်အကြာမှာပဲ Dating သတင်းထွက်ခဲ့လို့ Song Joong Ki ဟာ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေဟာ အမှားတွေဖြစ်ကြောင်း သူ့ရဲ့အေဂျင်စီက ရှင်းလင်းခဲ့ပါတယ်။
Lee Dong Wook
ကိုရီးယားနိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းပျံ့နှံ့သွားခဲ့ရာမှာ Shincheonji Church က လူပြောများခဲ့ပြီး ဝေဖန်ခံနေရတာပါ။ Shincheonji Church ကို သွားတဲ့နေရာမှာ Lee Dong Wook လည်း ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပါ။ ဒါပေမဲ့ နောက်မှာတော့ King Kong by Starship က ဒါတွေမဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
Go Joon Hee
ဲ နာမည်ကျော် Burning Sun ဖြစ်ရပ်မှာ Go Joon Hee လည်းပါဝင်တယ်လို့ ပရိသတ်တွေက မှတ်ယူခဲ့ကြတာပါ။ သူနဲ့ Seungri တို့ ကလပ်အတွင်း တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာခဲ့ရာမှာတော့ ဒီကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ Go Joon Hee က သူမအနေနဲ့ အဲဒီကို ကုန်ပစ္စည်းတစ်ခုအတွက်ကြောင့်သာ သွားရောက်တာဖြစ်ပြီး သူမတို့ဘေးမှာလည်း brand CEO က ထိုင်နေခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် Go Joon Hee ဟာ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားခဲ့ရသလို အေဂျင်စီနဲ့လည်း လမ်းခွဲသွားခဲ့ပါတယ်။
Lee Min Ki
Lee Min Ki ကတော့ ၂၀၁၆ ခုနှစ်အတွင်း ကလပ်တစ်ခုမျာ တွေ့ဆုံရင်း အမျိုးသမီးတစ်ယောက် မဖွယ်မရာ ပြုကျင့်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ စုံစမ်းမှုတွေ ပြုလုပ်ပြီးနောက်မှာတော့ Lee Min Ki မှာ အပြစ်မရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
Lee Tae Im
Lee Tae Im ကတော့ Jewelry အဖွဲ့ဝင်ဟောင်း Yewon ကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို ပြင်းပြင်းထန်ထန် ခံခဲ့ရသူပါ။ ဒါပေမဲ့ Yewon က သူ့ကို မပြောချင်၊ မဆိုချင်သလို ဆက်ဆံခဲ့တဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ရာမှာတော့ ပရိသတ်တွေက Lee Tae Im ကို နားလည်ခဲ့ကြပါတယ်။
-Chi Ko
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း
မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *