K pop

■ You Tube Views သန်း (၄၀၀)ပြည့် (၁၃)ပုဒ်မြောက် MV ကို ပိုင်ဆိုင်ခဲ့တဲ့ BTS

— – – Premiere ကနေ သန်း (၃၀၀)အထိ တောက်လျှောက်စံချိန်တွေ ချိုးလာခဲ့ပေမဲ့ ….

BTS အဖွဲ့ရဲ့ နောက်ဆုံးထုတ်ဝေထားတဲ့ ဒုတိယမြောက် အင်္ဂလိပ်သီချင်း Butter ဟာ You Tube Views သန်း (၄၀၀)ပြည့် BTS သီချင်းတွေထဲမှာ တစ်ပုဒ်အပါအဝင် ဖြစ်လာခဲ့ပါတယ်။

၂၀၂၁ မေလ (၂၁)ရက်က ထုတ်ဝေခဲ့တဲ့ Butter ဟာ ဇွန်လ (၂၈)ရက်မှာ You Tube Views သန်း (၄၀၀) ကျော်ခဲ့တာဖြစ်ပြီး အဲဒီပမာဏကို ရောက်ဖို့ (၃၈)ရက်နဲ့ (၁၀)နာရီပဲ ကြာမြင့်ခဲ့တာပါ။

Butter ဟာ YouTube မှာ Premiere ကနေ သန်း (၃၀၀)အထိ အမြန်ဆုံး Music Video ဆိုတဲ့ စံချိန်တွေကို တင်ခဲ့တာဖြစ်ပြီး အခု သန်း (၄၀၀)မှာတော့ Dynamite ရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

BTS အဖွဲ့ရဲ့ Dynamite သီချင်းက You Tube Views သန်း (၄၀၀) ပြည့်ဖို့ (၃၅)ရက်နဲ့ (၉)နာရီပဲ ကြာခဲ့တာပါ။ ဒါပေမဲ့ Butter ဟာ BTS အဖွဲ့အတွက် You Tube Views သန်း (၄၀၀) ပြည့်မြောက်တဲ့ (၁၃)ပုဒ်မြောက် ဖြစ်လာခဲ့ပြီး တခြားသီချင်းတွေကတော့ “Spring Day,” “DNA,” “Fire,” “Dope,” “Fake Love,” “MIC Drop (Steve Aoki Remix),” “Blood Sweat & Tears,” “IDOL,” “Save Me,” “Boy With Luv,” “Not Today,” နဲ့ “Dynamite” တို့ ဖြစ်ပါတယ်။

Ref: Soompi

You cannot copy content of this page