K pop

■ ၂၀၂၀ ကိုရီးယားမှာ ဘယ်အမျိုးသမီး K-Pop အဖွဲ့ အအောင်မြင်ဆုံးလဲ ?

— – – ဒီနှစ် ကိုရီးယားဆုပေးပွဲတွေမှာ BLACKPINK အဖွဲ့ ဓားပြတိုက်ခံရတယ်ဆိုတဲ့ သတင်းတွေ၊ စာသားတွေက မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ပလူပျံနေပြီး တချို့ အငြင်းပွားစရာတွေ ရှိနေ …

2020 APAN Music Awards နဲ့ 2020 Asia Artist Awards ဆုပေးပွဲတွေရဲ့ Winner စာရင်းတွေ ထွက်ပေါ်လာပြီးနောက်မှာ လူမှုကွန်ရက်နဲ့ မီဒီယာစာမျက်နှာတွေမှာ #ApanRobbedBLACKPINK၊ #APAN_AWARDS_RIGGED၊

#AAA_ApologizetoBLACKPINK နဲ့ BLACKPINK DESERVES BETTER ဆိုတဲ့ စာသားတွေ Hashtag တွေ အရမ်းကို ရေးပန်စားနေပါတယ်။

အဲဒီဆုပေးပွဲတွေက Fan votes(ပရိသတ်မဲပေးမှု), Album sales(Album ရောင်းချမှု), Digital music scores(အွန်လိုင်းမှာ ပရိသတ်နားထောင်မှုအတွက် အမှတ်ရရှိမှု) နဲ့ Judges (ဒိုင်တွေရဲ့ အကဲဖြတ်မှု)တွေအရ ရွေးချယ်တယ်လို့ ဆိုထားတာပါ။

အဓိကပြဿနာက အဲဒါပါပဲ။ ဒါကြောင့်လည်း BLACKPINK ပရိသတ်တွေသာမက တခြား K-Pop ပရိသတ်တွေကပါ BLACKPINK အဖွဲ့ ဓားပြတိုက်ခံရတယ်လို့ ပြောဆိုနေတာဖြစ်ပြီး ဒါကို တချို့က BLACKPINK က ကိုရီးယားမှာ တခြားအမျိုးသမီးတွေလောက် မအောင်မြင်လို့ဆိုပြီး ပြောနေကြပါတယ်။

အပေါ်ဇယားမှာ ကြည့်လိုက်ရင်တော့ ၂၀၂၀ အတွင်း ကိုရီးယားပြည်တွင်းမှာရော၊ အာရှမှာရော၊ ကမ္ဘာမှာပါ ဘယ်အမျိုးသမီး K-Pop အဖွဲ့က အအောင်မြင်ဆုံးလဲဆိုတာ အဖြေက ရှင်းရှင်းလေး ပေါ်ပါတယ်။

ပိုဆိုးတာက 2020 Asia Artist Awards ဖြစ်ပြီး ဆုပေးပွဲမှာ “IZ*ONE အဖွဲ့ဟာ ပထမဆုံးတစ်ပတ်အတွင်း Album အရောင်းရဆုံး အမျိုးသမီးအဖွဲ့ စံချိန်တင်ခဲ့တယ်”ဆိုပြီး ဖော်ပြခဲ့တာပါ။

အမှန်က ပထမတစ်ပတ်အတွင်း Album Sales မှာ IZ*ONE အဖွဲ့ရဲ့ Oneiric Diary Album က အချပ်ရေ (389,334) သာ ရောင်းချခဲ့ရတာဖြစ်ပြီး BLACKPINK အဖွဲ့ရဲ့ THE ALBUM က အချပ်ရေ (689,066) အထိ ရောင်းချခဲ့ကာ IZ*ONE ရဲ့ Oneiric Diary ထက် နှစ်ဆနီးပါး ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပရိသတ်တွေက ဆုမရတာ ကိစ္စမရှိပေမဲ့ ကမ္ဘာသိလုပ်တဲ့ ဆုပေးပွဲမျိုးမှာ အရှိတရားကို လက်မခံဘဲ ဗြောင်လိမ်လည်မျိုးက အရှက်မဲ့လွန်းတယ်လို့ ဝေဖန်နေကြတာဖြစ်ပြီး

ဒါက ၂၀၁၅ နောက်ပိုင်း ကိုရီးယားပြည်တွင်း ဆုပေးပွဲကို ပရိသတ်တွေ ချဉ်လာတဲ့ သာဓကတွေများစွာထဲက တစ်ခုဖြစ်ပါတယ်။

— ဃဲ
Ref: AKP & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page