— – – အမှုမဲ့၊ အမှတ်မဲ့ ရေးလိုက်တဲ့ Comment တစ်ခုပါပဲ။ ဒါပေမဲ့ ခံစားရသူအတွက်တော့ …
aespa အဖွဲ့ဟာ အဲဒီပွဲအတွက် ပြင်ဆင်နေကြပြီး နာမည်ကျော်ကြားလာတာနဲ့အမျှ သူတို့ကို မနာလိုတဲ့သူတွေရဲ့ ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ aespa အဖွဲ့ဝင်တွေက ဆိုပါတယ်။
Malicious Comment တွေနဲ့ပတ်သက်လို့ aespa အဖွဲ့ဝင် Winter က “Malicious Comment တစ်ကြောင်း ရေးဖို့ ဘာမှ မခက်ပါဘူး။ ဒါပေမဲ့ အဲဒီ Malicious Comment တစ်ကြောင်းက ခံရသူကို ကြီးကြီးမားမား ထိခိုက်နာကျင်စေပါတယ်။ ဒါက ပြောရရင်တော့ စော်ကားတာပါပဲ”လို့ ဆိုခဲ့ပါတယ်။
aespa အဖွဲ့ဟာ ပွဲမထွက်ခင်က အဖွဲ့ခေါင်းဆောင် Karina ရဲ့ ကောလာဟလအချို့ကြောင့် K-Pop ပရိသတ်တွေဆီမှာ အကြီးအကျယ်ဝေဖန်ခံခဲ့ရပြီး ဒီနေ့အထိလည်း ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။
တောင်ကိုရီးယားမှာ လူမှုကွန်ရက်က Comment တွေကြောင့် စိတ်ကျရောဂါခံစားခဲ့ရ၊ ခံစားနေရတဲ့ Celebs တွေ ရှိသလို၊ အဆုံးစီရင်မှုတွေပါ ရှိခဲ့တာကြောင့် Cyberlaw နဲ့ပတ်သက်ပြီး တင်းကျပ်ဖို့ ပြင်ဆင်နေပေမဲ့ တကယ်တမ်းတော့ ဖြစ်မလာသေးပါဘူး။
Ref: AKP