K pop

■ BTS အဖွဲ့ရဲ့ Music Video သစ် ရိုက်ကူးပြီးပြီလို့ သတင်းထွက်

— – – သူတို့ (၂)ရက်ဆက်တိုက် ကိုရီးယားရဲ့ …. ပြည်နယ်မှာ …

ကမ္ဘာကျော် K-Pop အဖွဲ့ BTS ဟာ သူတို့ရဲ့ Music Video သစ်ကို ရိုက်ကူးလို့ ပြီးဆုံးသွားပြီဖြစ်ကြောင်း Asia Today က Exclusive အဖြစ် ဖော်ပြခဲ့ပါတယ်။

Asia Today ရဲ့ ဖော်ပြချက်အရ BTS အဖွဲ့ဟာ ဇွန်လ (၂၇)ရက်နဲ့ (၂၈)ရက်နေ့တွေမှာ (၂) ရက်ဆက်တိုက် Gyeonggi ပြည်နယ်မှာ Music Video သစ်ကို ရိုက်ကူးခဲ့တာလို့ သိရပါတယ်။

BTS အဖွဲ့ဟာ သူတို့ရဲ့ Hit သီချင်း “Butter” ကို ဇူလိုင်လ (၉)ရက်မှာ hard copy album အဖြစ် ထုတ်ဝေသွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ သီချင်းသစ်ကို မိတ်ဆက်ဖွယ်ရှိတယ်လို့ သိရပါတယ်။

BTS အဖွဲ့အနေနဲ့ ‘Butter’ hard copy album အတွက် concept photos တွေကိုလည်း ထုတ်ဝေခဲ့ပြီး ပရိသတ်တွေကတော့ အကြိုက်တွေ့နေတယ်လို့ ဆိုပါတယ်။

Ref: AKP

You cannot copy content of this page