— – – ဘယ် K-Pop Soloist မှာ မပိုင်ဆိုင်ဖူးတဲ့ စံချိန်တစ်ခုကို ရေးထိုးခဲ့တာဖြစ်ပြီး အဲဒီစံချိန်က …
BTS အဖွဲ့ဟာ K-Pop အဖွဲ့တွေမှာ Spotify မှာ Streaming အလုပ်ခံရဆုံး အဖွဲ့ဖြစ်တယ်ဆိုတာကို ပရိသတ်တွေ သိပြီးဖြစ်မှာပါ။ အဲဒါနဲ့ဆက်စပ်ပြီး BTS အဖွဲ့ဝင်တွေရဲ့ Solo သီချင်းတွေကလည်း ပရိသတ်နားဆင်မှု များပြားတာပါ။
ဇွန်လ (၂၆)ရက်မှာတော့ BTS အဖွဲ့ဝင် Jimin ရဲ့ Solo သီချင်းတစ်ပုဒ်ဖြစ်တဲ့ Lie ဟာ Spotify မှာ Stream သန်း (၁၄၀)ကျော်ခဲ့တာဖြစ်ပြီး အဲဒါက သူ့ရဲ့ သန်း (၁၄၀)ကျော်တဲ့ တတိယမြောက်သီချင်းဖြစ်ခဲ့ပါတယ်။
Lie အပါအဝင် Jimin ရဲ့ Solo သီချင်းတွေဖြစ်တဲ့ Serendipity-FLE နဲ့ Filter တို့ဟာ Spotify မှာ သန်း (၁၄၀)ကျော် Stream အလုပ်ခံတာဖြစ်ပြီး K-Pop Soloist တွေထဲမှာတော့ ပထမဆုံးနဲ့ တစ်ဦးတည်းသောသူ အဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
Spotify မှာ Streaming သန်း (၁၄၀)ကျော်တဲ့ Jimin ရဲ့ Solo သီချင်းတွေနဲ့ Streaming အရေအတွက်ကို အောက်က ပုံမှာ ဖော်ပြပေးလိုက်ပါတယ်။
Ref: AKP