K pop

■ ဇူလိုင်လမှာ မြင်တွေ့ရမယ့် မင်းသမီး Kim Hee Sun နဲ့ EXO အဖွဲ့ဝင်တစ်ဦးရဲ့ Variety Show အသစ်

— – – – The House Detox နေရာမှာ အစားဝင်လာမယ့် အဲဒီ Variety Show မှာ …

tvN ရဲ့ variety program တစ်ခု ‘The House Detox’ ဟာ အဆုံးသတ်တော့မှာဖြစ်ပြီး အဲဒီနေရာမှာ မင်းသမီး Kim Hee Sun နဲ့ EXO အဖွဲ့ဝင်တစ်ဦးရဲ့ Variety Show အသစ်က အစားဝင်မှာ ဖြစ်ပါတယ်။

ဇွန် (၂၈)ရက်က အတွင်းလူတွေရဲ့ ပြောဆိုချက်အရ ‘The House Detox’ ရဲ့ နောက်ဆုံး အပိုင်းကို ဇူလိုင် (၅)ရက်မှာ ထုတ်လွှင့်မယ်လို့ သိရပါတယ်။ ‘The House Detox’ က Shin Ae Ra, Park Na Rae နဲ့ Yoon Kyun Sang တို့ တင်ဆက်တဲ့ အစီအစဉ်ဖြစ်ပြီး အိမ်ကို သန့်ရှင်းအောင် ထိန်းသိမ်းနည်းတွေကို ပညာရှင်တွေ၊ အနုပညာရှင်တွေနဲ့ တင်ဆက်တာပါ။

‘The House Detox’ က ၂၀၂၀ ဇူလိုင်လကတည်းက တကယ်တမ်းဆိုရင် အပိုင်း (၈)ပိုင်းပဲ တင်ဆက်ဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ လူကြိုက်များတာကြောင့် တစ်နှစ်နီးပါး ကြာမြင့်ခဲ့တာဖြစ်ပြီး အခုတော့ အဆုံးသတ်တော့မှာပါ။

‘The House Detox’ နေရာမှာ အစားဝင်လာမယ့် Variety Show အသစ်ကတော့ ‘Udo Jumak’ ဖြစ်ပြီး တင်ဆက်သူတွေအဖြစ် နာမည်ကျော်မင်းသမီး Kim Hee Sun နဲ့အတူ Tak Jae Hoon, Moon Se Yoon, Yoo Tae Oh, EXO အဖွဲ့ဝင် Kai တို့ ပါဝင်မှာ ဖြစ်ပါတယ်။

‘Udo Jumak’ ကိုတော့ လာမယ့် ဇူလိုင်လ (၁၂)ရက်နေ့ ကိုရီးယားစံတော်ချိန် ည(၁၀း၃၀)နာရီမှာ စတင်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page