— – – ကိုယ့်ရဲ့ Idol တွေကို တွေ့ဖို့ထက် သူတို့ရဲ့ Boss နဲ့တွေ့တာက ဘယ်လောက်အထိ ပေါက်ရောက်တယ်ဆိုတာ …
ကံကောင်းတဲ့ ကောင်မလေးတစ်ယောက်ဟာ SM တည်ထောင်သူ Lee So Man နဲ့တွေ့ပြီးနောက် ဘဝမှတစ်ခါသာ ရရှိနိုင်တဲ့အခွင့်အရေးရရှိခဲ့ပုံကို Weibo မှာ တင်ခဲ့ရာ ဘဝတူပရိသတ်တွေရဲ့ အားပေးမှု၊ အားကျမှုတွေကို ရရှိခဲ့ပါတယ်။
အဲဒီကောင်မလေးဟာ အမေရိကန်က Beverly Hills မှာ ဈေးဝယ်ထွက်ရင်း Lee So Man နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီတုန်းက Hollywood ပြုလုပ်ခဲ့တဲ့ SuperM ရဲ့ debut showcase ကို အားပေးဖို့ Lee So Man ရောက်လာခဲ့တာပါ။
ပရိသတ်ကောင်မလေးဟာ Lee So Man ကို သွားရောက်နှုတ်ဆက်ရာမှာ သူတို့နှစ်ဦး ရင်းနှီးခဲ့ကြပြီး ကောင်မလေးက သူဟာ SM ရဲ့ Idols တွေကို အားပေးကြောင့် ပြောရာကတစ်ဆင့် Lee So Man က SuperM ရဲ့ debut showcase ကို VIP အဖြစ် တက်ရောက်ဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တာပါ။
EXO-L ဖြစ်တဲ့ အဲဒီကောင်မလေးဟာ SuperM ရဲ့ debut showcase ကို သူ့ရဲ့ EXO-L သူငယ်ချင်းနဲ့ တက်ရောက်ခဲ့ပြီး ဖျော်ဖြေမှုအပြီး backstage မှာ SuperM အဖွဲ့ဝင်တွေကို ကိုယ်တိုင်ကိုယ်ကျ ဆုံတွေ့ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
သူဟာ SuperM အဖွဲ့ဝင်တွေနဲ့ စကားပြောခွင့်သာမက ဓာတ်ပုံရိုက်ခွင့်ပါ ရရှိခဲ့တာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ရဲ့ ကံကောင်းမှုကို အားကျနေကြသလို၊
SM တည်ထောင်သူ Lee So Man ရဲ့ ရက်ရောမှုဟာ ဘယ် CEO မှ မရှိနိုင်တဲ့ ရက်ရောမှုကြီး ဖြစ်တယ်လို့ ချီးကျူးနေကြပါတယ်။
Ref: Koreaboo