K pop

■ Kim Jisoo နဲ့ ပျင်းခြင်း ခြောက်ဆယ်

— – – လမ်းလျှောက်ဖို့ကို မပြောနဲ့ လှုပ်ရတာတောင် မုန်းနေတာမျိုး ….

BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ Mood ကတော့ လူတော်တော်များများ သဘောကျတဲ့ Mood ပါပဲ။ ပျင်းလွန်းလို့ ပျင်းရမှာတောင် ပျင်းတယ်ဆိုတဲ့ သီချင်းလိုမျိုး Kim Jisoo ကို တွေ့ရပါလိမ့်မယ်။

 

Shopping ထွက်ရင်း အပျင်းဆန့်မယ်


Shopping ထွက်တာကို လူတော်တော်များများ နှစ်သက်ကြပေမဲ့ မုန်းတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ Jisoo က ထိပ်ဆုံးကပါ ပါတယ်။ သူက Shopping phobia လို့ ဝန်ခံထားပြီး BLACKPINK HOUSE အပိုင်းတစ်ပိုင်းမှာတော့ ဈေးဝယ်ထွက်ရင်း အပျင်းဆန့်နေတာပါ။

 

လှုပ်ရှားရတာ မုန်းတယ်


V Live တစ်ခုမှာ Jisoo က “လှုပ်ရတာတောင် မုန်းတယ်။ မနေ့ကဆိုရင် တစ်နေ့လုံး အိပ်ယာထဲမှာပဲ လဲှနေခဲ့တာ။ မနေ့က (၂၂)နာရီလောက်ကို အိပ်ယာထဲမှာ ရှိနေတာ”လို့ Jennie ကို ပြောခဲ့တာပါ။

 

အိပ်ယာထဲမှာဆိုရင်တော့


“တကယ်လို့ ကျွေးမွေးမယ့်သူ တစ်ယောက်လောက်သာ ရှိမယ်ဆိုရင် တစ်ပတ်လုံး အိပ်ယာထဲ ကျွန်မ နေနိုင်ပါတယ်”လို့ Jisoo က BLACKPINK အဖွဲ့ဝင်တွေထဲမှာ တစ်နေ့လုံး အအိပ်နိုင်ဆုံးသူကို ရွေးချယ်ရာမှာ ပြောခဲ့ဖူးပါတယ်။

 

စူပါပါဝါက အိပ်ယာက မထတာပဲ


“တစ်နေ့လုံး အိပ်ယာထဲမှာ လဲှပြီး နေနိုင်ပါတယ်။ အိပ်ယာထဲမှာ ဘာမှမလုပ်ဘဲ တစ်နေ့လုံး နေနိုင်တာပါ။ တစ်ပတ်လောက်တောင် ရမယ်ထင်တယ်။ ဒါက ကျွန်မရဲ့ စူပါပါဝါပါပဲ”လို့ Jisoo က ဆိုပါတယ်။

 

လေ့ကျင့်ခန်းလုပ်ရတာထက် အသက်ရှုရတာကိုပဲ ကြိုက်တယ်


K-Pop Idol တစ်ယောက်နဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုဟာ အလွန်အရေးပါပြီး Jisoo အနေနဲ့ အဲဒီအရာကို လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့သဘောအတိုင်းသာ ဆိုရင်တော့ Jisoo က “လေ့ကျင့်ခန်းလုပ်ရတာထက် အသက်ရှုရတာကိုပဲ သဘောကျတယ်။ ပြီးတော့ အိပ်ယာထဲမှာ ဘယ်ညာ လိမ့်နေရတာကိုပေါ့”လို့ ဆိုပါတယ်။

 

တစ်နေ့လုံး ညဝတ်ဝတ်စုံ


Jisoo ဟာ လှုပ်ရှားရတာကို မုန်းသူပီပီ သူ့အနေနဲ့ ဘာအလုပ်မှာ မရှိတဲ့အခါမျိုးမှာ တစ်နေ့လုံး ညဝတ်ဝတ်စုံနဲ့ နေတဲ့အခါမျိုးတောင် ရှိတယ်လို့ ဆိုပါတယ်။

Ref: Koreaboo

You cannot copy content of this page