K pop

■ BLACKPINK အဖွဲ့ဝင်တစ်ယောက်ချင်းစီရဲ့ အတောက်ပဆုံး Era

— – – သီချင်းတွေအလိုက် တစ်ယောက်ချင်းစီရဲ့ အတောက်ပဆုံးအခိုက်အတန့်ရှိပါတယ်။ သေချာကတော့ Rosé ရဲ့ Era ကို ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။

သီချင်းတစ်ပုဒ်ထွက်တာ ဒါမှမဟုတ် Album တစ်ခု ထုတ်တာကို K-pop မှာ Era(ခေတ်) တစ်ခုအနေနဲ့ ပရိသတ်တွေက တင်စားကြပါတယ်။ BLACKPINK အဖွဲ့ဝင်တွေဟာ Era တိုင်းမှာ သူတို့နည်း၊ သူတို့ဟန်တွေနဲ့ တောက်ပခဲ့တာချည်းပါပဲ။ ဒါပေမဲ့ ပရိသတ်တွေကတော့ ဘယ် Era ဘယ်သူ အတောက်ပဆုံးဆိုတာကို ရွေးချယ်ခဲ့ကြပါတယ်။

Jisoo


Jisoo ရဲ့ အတောက်ပဆုံး Era က “Forever Young” လို့ ဆိုကြပါတယ်။ အဲဒီသီချင်းတုန်းက Jisoo ရဲ့ ဝတ်စားဆင်ယင်မှုတွေဟာ အရမ်းချစ်စရာကောင်းပြီး မိန်းမသားတစ်ဦးရဲ့ အလှကို ပိုပြီးပေါ်လွင်စေတယ်လို့ ဆိုကြပါတယ်။

 

Jennie


“As If It’s Your Last” သီချင်းကို Jennie ရဲ့ အတောက်ပဆုံး Era လို့ သတ်မှတ်ကြပါတယ်။ သူမဝတ်စုံနဲ့ သူမရဲ့ စတိုင်ဟာ အဲဒီ Era မှာ အလိုက်ဖက်ဆုံးဖြစ်ခဲ့ပြီး Charismatic Rapper တစ်ယောက်ရဲ့ ပုံရိပ်ကို ပီပြင်စေတယ်လို့ သတ်မှတ်ကြပါတယ်။

 

Rosé


Rosé ရဲ့ Era ကတော့ တွေးကြည့်နေစရာမလိုပါဘူး။ “Kill This Love” သီချင်းက Rosé ရဲ့ အတောက်ပဆုံး Era ဖြစ်ပါတယ်။ အထူးသဖြင့် Coachella 2019 မှာ တောက်ပလွန်းခဲ့တဲ့ Rosé ရဲ့ ပုံရိပ်တွေကို အခုထိ သူမရဲ့ ပရိသတ်တွေ မေ့နိုင်ဦးမယ် မထင်ပါဘူး။

 

Lisa


Lisa ရဲ့ အတောက်ပဆုံး Era အဖြစ် သူတို့ရဲ့ စံချိန်တင်သီချင်း “How You Like That” ကို ပရိသတ်တွေ ရွေးကြပါတယ်။ အဲဒီသီချင်းက Badass နဲ့ Lyrics တွေဟာ Lisa နဲ့ တစ်ထပ်တည်းကျတယ်လို့ ဆိုကြပြီး အရမ်းကို လိုက်ဖက်လွန်းတယ်လို့ မှတ်ချက်ပြုကြပါတယ်။

— ဃဲ
Ref: Koreaboo

You cannot copy content of this page