K pop

■ Suho ကို အကောင်းဆုံးခေါင်းဆောင်လို့ ခေါ်တာ ဒါကြောင့်ပါတဲ့

— – – မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝေ့သီနေပေမဲ့ သူဟာ အဖွဲ့ကိုယ်စား အံကြိတ်ရင်း …

EXO နဲ့ EXO-L ရဲ့ ကြေကွဲနေ့စွဲတွေထဲမှာ ၂၀၁၄ မေလ (၁၅)ရက်နေ့လည်း ပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ SM ကနေ Kris ထွက်ခွာပြီးနောက် M! Countdown မှာ EXO အဖွဲ့ ဖျော်ဖြေပြီး ဆုရတဲ့နေ့ ဖြစ်နေလို့ပါပဲ။

အဲဒီနေ့တုန်းက EXO အဖွဲ့ဟာ M! Countdown မှာ “Overdose” သီချင်းနဲ့ အဲဒီအချိန်တုန်းက A Pink အဖွဲ့ရဲ့ နာမည်ကျော်သီချင်း “Mr. Chu” ကို ကျော်ပြီး ဆုခဲ့ရပါတယ်။ Kris ထွက်ခွာသွားချိန်ဖြစ်လို့ EXO အဖွဲ့ဝင်တွေ ကြေကွဲနေချိန်ဖြစ်ပြီး ဝေဖန်မှုတွေလည်း ရှိခဲ့တာကြောင့် EXO အဖွဲ့ဝင်တွေဟာ ဆုလက်ခံဖို့ စင်ပေါ် မတက်ရဲအောင် ဖြစ်နေခဲ့တာပါ။

နောက်ဆုံးမှာတော့ Suho က အဖွဲ့ကိုယ်စား တစ်ယောက်တည်း တင်ရောက်ကာ ဆုလက်ခံခဲ့ပြီး မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ဝေ့သီနေကြားကပဲ “EXO အဖွဲ့ဝင်တွေ အားလုံးကို ရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းတို့ကို ငါ အရမ်းချစ်တယ်။ ငါတို့ ဆောက်ပုဒ်က ‘We Are One’ ပါ။ ငါတို့ဟာ အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေကြောင့် ဒီအဖွဲ့ ဖြစ်လာတာပါ။ We are one. I love you”ဆိုပြီး ဆုလက်ခံစကား ပြောခဲ့တာပါ။

အဲဒီနောက် Encore စတိတ်မှာလည်း Suho ဟာ EXO အဖွဲ့ ကိုယ်စား တစ်ယောက်တည်း အကောင်းဆုံး ဖျော်ဖြေခဲ့ပါတယ်။ အဲဒီလို အဖွဲ့ဝင်တွေအားလုံး မဝံ့မရဲဖြစ်နေချိန် စိတ်ဓာတ်တွေ ပြိုလဲနေချိန်မှာ ခေါင်းဆောင်တစ်ဦးအဖြစ် မားမားမတ်မတ်ရပ်ကာ ဦးဆောင်ခဲ့တာကြောင့် Suho ကို အကောင်းဆုံးခေါင်းဆောင်အဖြစ် EXO-L တွေက သတ်မှတ်ကြတာပါ။

— ဃဲ
Ref: M! Countdown You Tube

You cannot copy content of this page