K pop

■ “Superstar K” မှာ Audition ကျဆုံးခဲ့တဲ့ နာမည်ကျော် Idol (၅)ဦး

— – – ကိုရီးယားရဲ့ ထိပ်တန်းအဆိုပြိုင်ပွဲ “Superstar K” Audition မှာ မအောင်မြင်ခဲ့ပေမဲ့ ပြိုင်ပွဲဝင်ခဲ့ခြင်းက သူတို့အတွက် အောင်မြင်မှု လမ်းစဖြစ်ခဲ့ …

Produce 101 မတိုင်ခင်က ကိုရီးယား နာမည်အကြီးဆုံးအဆိုပြိုင်ပွဲကို ပြပါဆိုရင် “Superstar K” ကို ပြရမှာပါ။ အဲဒီပြိုင်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ပါရမီရှင်အဆိုတော်တွေကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အေဂျင်စီတွေကလည်း အဲဒီပြိုင်ပွဲက ပြိုင်ပွဲဝင် လူငယ်တွေကို ခေါ်ယူလေ့ရှိပါတယ်။ “Superstar K” Audition မှာ ကျဆုံး ထိတ်ထိတ်ကြဲ Idol (၅)ဦးကတော့ …

Suzy


Miss A အဖွဲ့ဟောင်း Suzy ဟာ အလယ်တန်းကျောင်းသူဘဝတုန်းက “Superstar K” ပြိုင်ပွဲမှာ Audition ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်ခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီမှာ JYP Entertainment က သူမကို တွေ့သွားခဲ့ပြီး သူတို့ဆီကို ခေါ်ယူခဲ့ပါတယ်။ ကျန်တာကတော့ သမိုင်းပါပဲ။

 

Jungkook (BTS)


BTS အဖွဲ့ဝင် Jungkook ဟာ အဆိုတော်ဖြစ်ဖို့ ရည်မှန်းချက်တွေ ရှင်သန်လာပြီးနောက်မှာ Mnet survival program Superstar K မှာ ဝင်ပြိုင်ခဲ့ပါတယ်။ သူဟာ IU ရဲ့ “Mia” သီချင်းနဲ့ ဝင်ပြိုင်ခဲ့ပေမဲ့ Audition မအောင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ကို SM, JYP အပါအဝင် အေဂျင်စီ (၆)ခုက ကမ်းလှမ်းခဲ့ပြီး နောက်ဆုံးမှာတော့ Jungkook ဟာ Big Hit Entertainment ကို ရွေးချယ်ခဲ့ပါတယ်။

 

Mino (WINNER) နဲ့ P.O (Block B)


သူတို့နှစ်ဦးက အလွန်ရင်းနှီးကြတဲ့ ငယ်သူငယ်ချင်းတွေ ဖြစ်ပါတယ်။ Mino နဲ့ P.O တို့ဟာ နှစ်ဦးအတူတူ Superstar K မှာ Audition ဝင်ပြိုင်ခဲ့ကြတာပါ။ သူတို့နှစ်ဦးစလုံး အဲဒီမှာ မအောင်မြင်ခဲ့ပေမဲ့ အခုတော့ အောင်မြင်တဲ့ Idol ဘဝကို လျှောက်လှမ်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

 

Momo (TWICE)


ဂျပန်မလေး Momo ဟာ ၂၀၁၁ ခုနှစ်က Superstar K ဂျပန်ပြိုင်ပွဲမှာ Audition ဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ Momo က သူငယ်ချင်း (၃)ဦးနဲ့အတူ ဝင်ပြိုင်ခဲ့တာဖြစ်ပြီး အကစွမ်းရည်ကို ပြသနိုင်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နောက်တော့ သူမဟာ JYP Entertainment ကို ရောက်ရှိခဲ့ပြီး TWICE အဖွဲ့ဝင်အဖြစ် ပွဲထွက်နိုင်ခဲ့ပါတယ်။

— ဃဲ
Source: Insight, Dispatch and Twitter

You cannot copy content of this page