— – – အဝတ်အစားနဲ့ ပတ်သက်လို့ BLACKPINK အဖွဲ့ဝင်တွေဟာ ကိုယ်ပိုင် Style ရှိသူတွေဖြစ်ပြီး အခုလည်း …
BLACKPINK အဖွဲ့ဝင်တွေ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်လို့ ကျော်ကြားသူတွေဖြစ်ပြီး ကမ္ဘာကျော် Brand ပေါင်းများစွာနဲ့ လက်တွဲထားသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အနက်ရောင်ဘလောက်အင်္ကျီပဲ ဝတ်ဆင်တာဖြစ်ပေမဲ့ အခုလို ကွာခြားပါတယ်။
Jennie
Jennie ကတော့ အနက်ရောင်ဘလောက်အင်္ကျီကို ဝတ်ဆင်မယ်ဆိုရင် Boss ပုံစံဖက်ကို သွားပါတယ်။ ဒီဝတ်စုံတွေဆိုရင် သူမရဲ့ Strong ဖြစ်တဲ့ charisma နဲ့ aura ကို ပိုပြီး ပေါ်လွှင်စေပါတယ်။
Jisoo
Jisoo ကတော့ အနက်ရောင်ဘလောက်အင်္ကျီတွေကို ဂျင်းဘောင်ဘီအရှည်လေးနဲ့ တွဲပြီး ဝတ်တတ်ပါတယ်။ အဲဒါနဲ့အညီ မိတ်ကပ်ကိုလည်း ပါးပါးပဲ လိမ်းတာကြောင့် ချစ်စရာကောင်းပြီး လှပတဲ့အသွင်ကို ဆောင်ပါတယ်။
Rosé
အနက်ရောင်ဘလောက်အင်္ကျီပဲ ဖြစ်ပေမဲ့ Rosé ကတော့ Off-Shoulder နဲ့ Crop top တွေကို ဝတ်ဆင်ထားတာ များပါတယ်။ ဒါက Trendy ဖြစ်သလို Rosé ရဲ့ Cute ဖြစ်တဲ့ ပုံစံကို မြင်ရစေပါတယ်။
Lisa
Lisa ကတော့ အနက်ရောင်ဘလောက်အင်္ကျီတွေ ပိုပြီး ပေါ့ပါးဖြစ်စေမဲ့ ပုံစံမျိုး ရွေးဝတ်တတ်ပါတယ်။ ဒါက သူမကို လုံးဝသက်သောင့်သက်သာ ဖြစ်စေပြီး Style ကျတာကို ပုံဖော်နေတာပါ။
— ဃဲ
Ref: Koreaboo