Celebrity

■ BTS ရဲ့ သီချင်းအသစ် ခေါင်းစဉ်ကို အမှတ်မထင်ပြောမိခဲ့ဲတဲ့ Ed Sheeran

—- Ed Sheeran က ပြောတဲ့ သီချင်းအသစ် ခေါင်းစဉ်က….

BTS အဖွဲ့ဟာ ဇူလိုင်လထဲမှာ Comeback လာဖို့ရှိတာ ARMY တွေအားလုံးသိပါတယ်။ နောက်ပြီး BTS ရဲ့နောက်ထွက်မယ့် သီချင်းအသစ်ကို Ed Sheeran က ရေးပေးထားတာလည်းဖြစ်ပါတယ်။

ARMY တွေဟာ Ed Sheeran ရေးပေးထားတာနဲ့တင် သီချင်းအသစ်ကို စိတ်လှုပ်ရှားနေကြတာပါ။ အခုလည်း Ed Sheeran ဟာ BTS ရဲ့ သီချင်းအသစ်ခေါင်းစဉ်ကို အမှတ်မထင်ပြောမိခဲ့လို့ ARMY တွေ ပိုပြီး ရင်ခုန်ခဲ့ကြပါတယ်။

ဇွန်လ 28 ရက်နေ့က Instagram မှာ ပရိသတ်တွေရဲ့ မေးခွန်းတွေကို ဖြေပေးခဲ့တာပါ။ အဲဒီမှာ Ed Sheeran တစ်ယောက် BTS နဲ့ ပတ်သက်ပြီး ARMY တွေကို မေးခွန်းအများအပြားကို ပြန်ဖြေပေးခဲ့ ပါတယ်။

ARMY တစ်ဦးက BTS ရဲ့ သီချင်းအသစ်ကို ရေးပေးထားတာဟုတ်လားလို့ မေးတဲ့အခါ Ed Sheeran က အတည်ပြုခဲ့ပြီး “ ဟုတ်ပါတယ်။ ကျွန်တော်တို့ ပူးပေါင်းထားတဲ့ သီချင်း မကြာခင် လာတော့မှာပါ” လို့ ပြန်ဖြေပေးခဲ့ပါတယ်။

နောက်ထပ် ARMY တစ်ဦးက “ မင်းအနှစ်သက်ဆုံး BTS သီချင်းကဘာလဲ” လို့မေးတဲ့အခါ Ed Sheeran က “ ကျွန်တော်အနှစ်သက်ဆုံး BTS သီချင်းတစ်ပုဒ်ပြောရရင် အခု သူတို့ရဲ့ သီချင်း အသစ် Permission to Dance “ လို့ အမှတ်မထင်ပြောမိခဲ့ပါတယ်။

ARMY တွေကလည်း Ed Sheeran ရဲ့ သဲလွန်စပေးမှုက အမိအရ မှတ်တမ်းယူနိုင်ခဲ့ပြီး Permission to Dance ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ပလူပျံအောင် ပြုလုပ်ခဲ့ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page