—- မင်းသားချော Song Joong Ki ဟာ သူ့ဒရာမာကာရိုက်တာတွေနဲ့ K-pop အဖွဲ့ကို ဘယ်လို ဖွဲ့စည်းသလဲဆိုတာကို…
မင်းသား Song Joong Ki ဟာ K-pop Group Member ‘ Visual ’လို့ ထင်မှတ်ထားတဲ့ သူ့ဒရာမာ၊ ရုပ်ရှင်တွေထဲက ကာရိုက်တာတွေကို ရွေးချယ်ခဲ့ပါတယ်။
ဇွန်လ 25 ရက်နေ့က Song Joong Ki ရဲ့ အေဂျင်စီ ဟာ မင်းသားအနေနဲ့ သူ့ဒရာမာ၊ ရုပ်ရှင် ကာရိုက်တာတွေအကြောင်းပြောပြခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု တင်ခဲ့ပါတယ်။ အဲဒီမှာ Song Joong Ki ဟာ K-pop Group ‘ Visual ’ လို့ အကောင်းဆုံးထင်မှတ်စေတဲ့ သူ့ရုပ်ရှင်၊ ဒရာမာကာရိုက် အချို့ကို ရွေး ချယ်ခဲ့တာပါ။
“ K-pop Group Member ‘ Visual ’ အလား ထင်မှတ်စေတဲ့ ကျွန်တော့်ရဲ့ အကောင်းဆုံး ကာရိုက် တာကို ရွေးချယ်ဖို့ မလွယ်ပါဘူး။ ဒါပေမဲ့ တစ်ခုကိုတော့ ကျွန်တော်ရွေးပါမယ်။ ‘A Werewolf Boy’ ရုပ်ရှင်ထဲက ကာရိုက်တာ ‘Chul-soo’ ပါ။ ‘Chul-soo’ ကာရိုက်တာဟာ အလွန်ကြည့်ကောင်းလွန်း တယ်မဟုတ်လား” လို့ Song Joong Ki က ဆိုခဲ့ပါတယ်။
ခဏနေတော့ “ ခဏ ကျွန်တော် နောက်ထပ် ပြောင်းချင်သေးတယ်။ ‘Sungkyunkwan Scandal’ ဒရာမာထဲက Koo Yong Ha ကာရိုက်တာကိုလည်း ရွေးချင်ပါတယ်။ အဲဒီကာရိုက်တာ Visual နဲ့ဆို ကြော်ငြာတွေလည်းအများကြီးရိုက်ကူးရပြီး ကမ်းလှမ်းမှုတွေလည်း အများကြီးရပါလိမ့်မယ်” လို့ Song Joong Ki က ထပ်ပြောခဲ့ပါတယ်။
ဒါဆို K-pop Group တွေထဲက Cute ဖြစ်တဲ့ Make ပုံစံ ကာရိုက်တာဆိုရင်ရော ဘယ်သူ့ကို ရွေးချယ် သလဲဆိုတဲ့ မေးခွန်းကိုတော့ Song Joong Ki က “ Chul Soo ရွေးမှာပါ။ Chul Soo ကာရိုက်တာဟာ Cute ဖြစ်ပြီး SHINee အဖွဲ့ဝင် Taemin လိုပုံစံမျိုးဖြစ်ပါတယ်။ အဲဒီကာရိုက်တာက နူးညံ့တဲ့ Vibe ကို ပေးပါတယ်။ Chul Soo ကာရိုက်တာက Taemin ပုံစံမျိုးဖြစ်ပြီး Koo Yong Ha ကာရိုက်တာက SHINee အဖွဲ့ရဲ့ Minho လိုပုံစံမျိုးပါ” လို့ ပြောခဲ့ပါတယ်။
-m2t
Ref: SBSstar