K pop

■ Song Joong Ki ရဲ့ ဒရာမာသစ်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရထားရတဲ့ Girls’ Generation အဖွဲ့ဝင်

— မင်းသား Song Joong Ki ၊ မင်းသမီး Shin Hyun Been နဲ့ ဒီ Girls’ Generation အဖွဲ့ဝင်ရဲ့ Visual တွေ ပေါင်းစပ်လိုက်မယ်ဆိုရင်…

Girls’ Generation အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tiffany ဟာ မင်းသားချော Song Joong Ki နဲ့ မင်းသမီး Shin Hyun Been တို့ရဲ့ ဒရာမာသစ် “Chaebol Family’s Youngest Son” မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ ကိုရီးယားမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

“Chaebol Family’s Youngest Son” ဒရာမာဟာ ပေါ်ပြူလာဖြစ်တဲ့ Webtoon ကို ပြန်ရိုက်ကူးထား တာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဖြစ်ပါတယ်။ Chaebol Family ကြောင့် တစ်ဘဝလုံး ဒုက္ခရောက်တဲ့ Yoon Hyun-Woo ဆိုသူက Chaebol Family မှာ အငယ်ဆုံးသား Jin Do-Joon အဖြစ် ပြန်ဝင်စားပြီး လက်စားပြန်ချေမယ့် Plot ဖြစ်ပါတယ်။

Jin Do Joon အဖြစ် မင်းသား Song Joong Ki က သရုပ်ဆောင်မှာပါ။ Girls’ Generation အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Tiffany ဟာ အဆိုပါ ဒရာမာမှာ နိုင်ငံခြားနွယ်ဖွား ကိုရီးယားလူမျိုးတစ်ဦး ကာရိုက်တာအတွက် ကမ်းလှမ်းခံထားရတာလို့ သိရပါတယ်။

အဆိုပါ ကာရိုက်တာဟာ Tiffany နဲ့ ကိုက်ညီတဲ့ ကာရိုက်တာလည်းဖြစ်ပါတယ်။ ဘာလို့လည်းဆို တော့ အပြင်လက်တွေ့ဘဝမှာလည်း Tiffany ဟာလည်း အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စ္စစကိုမှာ မွေးဖွားတဲ့ တောင်ကိုရီးယားသူဖြစ်ပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page