— – – GD ရဲ့ ကြော်ငြာကို မြင်ပြီးနောက်မှာတော့ VIP တွေ မစားနိုင်၊ မသောက်နိုင်၊ ထိုင်ရမလို ထရမလို ဖြစ်ကုန်ပါသတဲ့။
ကိုရီးယားရဲ့ National Shampoo လို့ နာမည်ကြီးတဲ့ TS Shampoo ဟာ BIGBANG အဖွဲ့ရဲ့ ခေါင်းဆောင် G-Dragon ကို သူတို့ရဲ့ မျက်နှာသစ်မော်ဒယ်အဖြစ် ခန့်အပ်ကြောင်း ပြီးခဲ့တဲ့ ဧပြီလက အတည်ပြုကြေညာခဲ့ပါတယ်။
TS Group က King of K-Pop ကို ရလိုက်တာဟာ သူတို့အတွက် အလွန်ဂုဏ်ယူစရာပါလို့ ဆိုသလို၊ G-Dragon ကို မော်ဒယ်အဖြစ် ရွေးချယ်လိုက်တာဟာ သူ့ရဲ့တည်ရှိမှုနဲ့ ဘယ်သူမှမယှဉ်နိုင်တဲ့ သူရဲ့ ပါရမီကြောင့်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ TS Shampoo ဟာ G-Dragon နဲ့ ရိုက်ကူးထားတဲ့ ကြော်ငြာကို (၁၅)စက္ကန့်စာလောက် ကြော်ငြာကို ထုတ်လွှင့်ခဲ့ရာမှာတော့ VIP တွေ ရူးမတတ် ဗြောင်းဆန်ကုန်ပါတယ်။ Comeback အတွက် မျှော်နေချိန်မှာ G-Dragon ရဲ့ Visual ကြောင့် အခုလို ဖြစ်ကုန်တာပါ။
VIP တွေက “မရဘူး။ Shampoo သုံးပြီး ခေါင်းပါ လျှော်ပြပါလား” “မရတော့ဘူး အရမ်းတွေ ကြိုက်နေပြီ” “G-Dragon ကြောင့် ခေါင်းလျှော်ရလွန်းလို့ ကတုံးဖြစ်တော့မှာပဲ” “ဝယ်ပြီကို လျှော်ပစ်ဦးမှာ” စသဖြင့် မှတ်ချက်ပေါင်းများစွာကို ရေးသားခဲ့ကြသလို၊ Twitter မှာလည်း Trend ဖြစ်တဲ့အထိ ကျော်ကြားခဲ့တာပါ။
G-Dragon ဟာ TS Shampoo ရဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံအတွက် လှုပ်ရှားမှုတွေမှာ အဓိကဦးဆောင်သွားမှာဖြစ်ပြီး သူ့ကြောင့် အနာဂတ်မှာ ဈေးကွက်ပိုမိုကျယ်ပြန့်လာမယ်လို့ TS Group က ယုံကြည်နေပါတယ်။
G-Dragon ဟာ တောင်ကိုရီးယားဘောလုံးသမား ဆွန်ဟောင်မင်၊ မင်းသား Lee Jang Woo တို့နဲ့အတူ TS Shampoo ရဲ့ လှုပ်ရှားမှုတွေ၊ အရောင်းမြှင့်တင်ရေးတွေမှာ ပါဝင်လာတော့မှာပါ။
Ref: Naver