K pop

■ Bae Suzy နဲ့ နာမည်တူလို့ အွန်လိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ တက်သစ်စ K-Pop Idol

— – – Miss A အဖွဲ့ဝင်ဟောင်းနဲ့ မင်းသမီး Bae Suzy နဲ့ နာမည်တူနေပေမဲ့ သူ့ရဲ့နာမည်ရင်းကလည်း …

တက်သစ်စ အမျိုးသမီး K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ MAJORS အဖွဲ့ဝင် Kim Suzy ဟာ နာမည်ကျော် Idol နဲ့ မင်းသမီး Bae Suzy နဲ့ နာမည်တူလို့ အွန်လိုင်းမှာ ပရိသတ်အချို့ရဲ့တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ANS Entertainment က မတ်လ (၉)ရက်မှာ ပွဲထုတ်ခဲ့တဲ့ MAJORS အဖွဲ့ဝင် Kim Suzy ဟာ အဖွဲ့ ပွဲထွက်ပြီးနောက် Bae Suzy နဲ့ နာမည်တူနေတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အကောင်းဘက်က မဟုတ်ဘဲ စတိတ်နာမည်ကို Suzy ကို ပေးထားတဲ့သူ့ကို သူ့ရဲ့ IG မှာပါ ပရိသတ်အချို့က မစာမနာ ပုတ်ခတ်၊ ဝေဖန်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

“နာမည်ကြီးချင်လို့ Suzy ဆိုတဲ့ စတိတ်အမည်ကို သုံးနေတာလား” “Hahaha Suzy က တစ်ယောက်ပဲ နင် ဘာလုပ်တာလဲ” “Suzy က တစ်ယောက်ပဲ ရှိတာ” “Suzy ဆိုတာ Bae Suzy တစ်ယောက်ထဲပဲ” စသဖြင့် မှတ်ချက်များစွာကို ရေးသားခဲ့ကြတာပါ။

ဒါပေမဲ့ MAJORS အဖွဲ့ ပရိသတ်အချို့ကတော့ Kim Suzy ဟာ သူမရဲ့ မွေးနာမည်ရင်းဖြစ်တဲ့ Suzy ကို ယူပြီး ပွဲထွက်ခဲ့တာဖြစ်လို့ တစ်ဖက်သားကို လေးစားသင့်တယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

Ref: AKP

You cannot copy content of this page