— – – Taeyeon ရဲ့ သီချင်းသစ်နာမည်နဲ့အတူ သူ့ရဲ့အလန်းစား Teasers ကိုပါ …
SM Entertainment က သူတို့ရဲ့ နာမည်ကျော် အနုပညာရှင် Girls’ Generation အဖွဲ့ခေါင်းဆောင် Taeyeon တစ်ကိုယ်တော်သီချင်းသစ်ထုတ်မယ့်နေ့ကို ကြေညာခဲ့ပါတယ်။
Taeyeon ဟာ “Weekend” လို့ အမည်ပေးထားတဲ့ သီချင်းသစ်တစ်ပုဒ်ကို ဇူလိုင်လ (၆)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ (၆)နာရီမှာ ထုတ်ဝေမယ်လို့ SM Entertainment က အတည်ပြုခဲ့တာပါ။
အတည်ပြုပြီး သိပ်မကြာခင်မှာပဲ SM က Taeyeon ရဲ့ “Weekend” အလန်းစား Teasers ပုံရိပ်တွေကို ထုတ်ပြခဲ့တာဖြစ်ပြီး အရုပ်ကလေးနဲ့တူတဲ့ Taeyeon ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
Taeyeon ရဲ့ “Weekend” သီချင်းကတော့ disco-pop genre ဖြစ်ပြီး ဂီတသံနဲ့ retro synth ကို ခံစားရမယ်လို့ ဆိုပါတယ်။ သီချင်းစာသားတွေကတော့ နေ့တိုင်းဖြတ်သန်းနေတဲ့ ဘဝက ရုန်းထွက်ပြီး စိတ်ပေါ့ပါးစွာနဲ့ လွှင့်ချင်တဲ့ လူတစ်ယောက်ရဲ့ အာသီသကို ပုံဖော်ထားတာပါတဲ့။
“Weekend” သီချင်းဟာ Taeyeon အတွက် ဒီနှစ်မှာ ပထမဆုံးတစ်ကိုယ်တော် သီချင်းဖြစ်လာမှာဖြစ်ပြီး ပရိသတ်တွေကတော့ သူ့ရဲ့သီချင်းသစ်ကို များစွာ မျှော်လင့်နေကြပါတယ်။
Ref: AKP