K pop

■ ပရိသတ်တွေ အကြိုက်တွေ့နေတဲ့ Sea of Hope က Rosé ရဲ့ Covers သီချင်း

— – – Rosé ရဲ့ Covers သီချင်းမှာ SHINee Onew နဲ့ AKMU Lee Suhyun တို့က …

JTBC ရဲ့ “Sea of Hope” အစီအစဉ်မှာ BLACKPINK အဖွဲ့ဝင် Rosé က John Mayer ရဲ့ “Slow Dancing in a Burning Room” သီချင်းကို Cover သီဆိုပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။

“Sea of Hope” က Celebrities တွေ သီချင်းနဲ့ ဖျော်ဖြေပြီး အဖွဲ့ဝင်တွေက အိမ်မှာ ချက်ပြုတ်တဲ့ ဟင်းတွေနဲ့ ဧည့်သည်တွေကို ဧည့်ခံတဲ့ variety program ဖြစ်ပါတယ်။ “Sea of Hope” မှာ Cast Member တွေအဖြစ် Lee Dong Wook, Kim Go Eun, Lee Ji Ah, SHINee’s Onew, AKMU’s Lee Suhyun နဲ့ Yoon Jong Shin ပါဝင်ထားပြီး BLACKPINK အဖွဲ့ဝင် Rosé ပထမဆုံးဧည့်သည်(Guest)အဖြစ် ပါဝင်မှာပါ။

“Sea of Hope” ကို JTBC ရုပ်သံက ဇွန်လ (၂၉)ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပြီး အခု Trailer တွေ၊ ပိုစတာတွေနဲ့ ပရိသတ်တွေကို အစီအစဉ်သစ် မိတ်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အခု JTBC က ထုတ်ပြခဲ့တဲ့ Trailer မှာတော့ BLACKPINK အဖွဲ့ဝင် Rosé က John Mayer ရဲ့ “Slow Dancing in a Burning Room” သီချင်းကို Cover သီဆိုခဲ့ပြီး Lee Suhyun, Onew နဲ့ Yoon Jong Shin တို့က Harmony ပုံစံမျိုး ကူညီပေးခဲ့တာပါ။

Rosé က John Mayer ရဲ့ “Slow Dancing in a Burning Room” သီချင်း Cover ကိုတော့ အောက်က ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။

Ref: Soompi

You cannot copy content of this page