Articles

■ TWICE အဖွဲ့မှာ စကားအပြောဆုံးအဖွဲ့ဝင်

— – – ဘယ်လောက်တောင် ပြောသလဲဆို Momo အိပ်ပျော်သွားပြီး ပြန်နိုးလာတာတောင် သူက ပြောတုန်း …

TWICE အဖွဲ့ဝင်တွေဖြစ်တဲ့ Momo, Chaeyoung နဲ့ Tzuyu တို့ဟာ MBC FM4U ရေဒီယိုအစီအစဉ်တစ်ခုဖြစ်တဲ့ Kim Shin Young ရဲ့ Noon Song of Hope မှာ ပါဝင်ခဲ့ပြီး သူတို့အဖွဲ့နဲ့ပတ်သက်လို့ ပြောဆိုခဲ့ကြပါတယ်။

အဲဒီအစီအစဉ်မှာ Kim Shin Young က TWICE အဖွဲ့ဝင်တွေကို မေးခွန်းများစွာမေးခဲ့ပြီး အဖွဲ့ထဲမှာ စကားအပြောဆုံးက ဘယ်သူလဲလို့ Chaeyoung ကို မေးမြန်းခဲ့ရာမှာတော့ Chaeyoung က “Nayeon ပါ”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

Chaeyoung က “Nayeon ဟာ အမြဲတမ်းတက်ကြွနေပြီး ဘယ်တော့မှာမဆို လန်းဆန်းနေတာပါပဲ”လို့ ဆက်ပြောပါတယ်။ အဲဒီမှာ Momo က Nayeon ရဲ့ စကားပြောနိုင်စွမ်းကို အခုလို ပြောဆိုခဲ့တာပါ။

Momo က “တစ်နေ့ Nayeon ရဲ့ စကားပြောနေရင်း သူ ပြောနေတာကို နားထောင်ပြီး ကျွန်မ အိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်မ တစ်ရေးနိုးလာတော့လည်း Nayeon က ကျွန်မကို စကားပြောနေတုန်းပါပဲ”လို့ ဆိုခဲ့တာကြောင့် အားလုံးပွဲကျခဲ့တာပါ။

Nayeon အနေနဲ့ ဘယ်လိုအကြောင်းအရာတွေကို ပြောသလဲဆိုတဲ့ မေးခွန်းကိုတော့ TWICE အဖွဲ့ဝင်တွေက အကြောင်းအရာ မျိုးစုံပြောလေ့ရှိပြီး သူကြိုက်တဲ့ အစားအစာအကြောင်းတွေတောင် ပါတယ်လို့ ဆိုပါတယ်။

Ref: Koreaboo

You cannot copy content of this page